လှိုင်မြို့နယ်မှာ အမြောက်တပ်မှ ဗိုလ်ကြီးဇနီးမောင်နှံနဲ့ တပ်သားတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ(၂၀) ရန်ကုန်မြို့ လှိုင်မြို့နယ်မှာ စားအုန်းဆီခွဲတမ်း လာထုတ်တဲ့ ဗိုလ်ကြီးဇနီးမောင်နှံနဲ့ တပ်သားတစ်ဦးတို့ သေနတ်နဲ့ ပစ်ခံရလို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လှိုင်မြို့နယ် (၁၃)ရပ်ကွက်၊ ဗဟိုလမ်းနဲ့ ပေါင်းစီးလမ်းထောင့်က သီရိမြိုင် မှတ်တိုင်နားမှာ ဒီနေ့နံနက် ၁၀နာရီဝန်းကျင်ခန့်က သူတို့သုံးဦး လမ်းလျှောက် လာနေစဉ်မှာ ကားတစ်စီးပေါ်ကနေ လူသုံးယောက်ဆင်းလာပြီး မျက်နှာချင်းဆိုင်ကနေ သေနတ်နဲ့ (၁၁)ချက်ပစ်ခတ်ခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး…

သံဃမေတ္တာ ပြည်သူ့စောင့်ရှောင့်ရေးအဖွဲ့က မီးဘေးသင့်စစ်ရှောင်ပြည်သူတွေကိုဆန်နဲ့ဆီ လှူဒါန်း

ခင်ဦး – အောက်တိုဘာ(၂၀) စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် နဲ့ ရွှေဘိုမြို့နယ်က စိုင်ဒိုးကျေးရွာ၊အင်ကြင်းပင်ကျေးရွာ၊ တယ်ဘို ပင်ကျေးရွာနဲ့ အင်ပင်လှကျေးရွာတွေက စစ်ဘေးရှောင်နေရတဲ့ ပြည်သူ (၇၀၀) အတွက် သံဃ မေတ္တာ ပြည်သူ့စောင့်ရှောက်ရေးအဖွဲ့က ဆန်အိတ်(၃၇) အိတ်နဲ့ဆီ(၄) ပုံးသွားရောက်လှူဒါန်းခဲ့ပါတယ်။ ကာလတန်ဖိုး (၁၈) သိန်းကုန်ကျခဲ့တဲ့ လှူဒါန်းမှူကို သံဃမေတ္တာအဖွဲ့ဝင်သံဃာတော်တွေ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့ကြပြီး ပြည်သူတွေကို အားပေးစကားပြောခဲ့တယ်လို့…

PDF တွေ စာသင်ကျောင်း မီးမရှို့ပါ အမှန်/အမှား

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သ တင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်များကို အကြမ်းဖက်သမား ပဒက်များက မီးရှို့ဖျက်ဆီး” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…

အောက်တိုဘာလထဲမှာ ရဲတပ်ဖွဲ့ဝင် (၂၀) ကျော် CDM ဝင်လာ

ရန်ကုန် – အောက်တိုဘာ(၂၀) စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲဝင် (၂၀) ကျော်ဟာ ဒီလအစပိုင်းကနေ အခုချိန်ထိ ပြည်သူတွေနဲ့ ပူးပေါင်းလာတယ်လို့ CDM အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။ ပြည်သူတွေနဲ့ ပူးပေါင်းလာခဲ့တဲ့ ရဲတပ်သားတွေဟာ လူငယ်ပိုင်းအရွယ်တွေဖြစ်ကာ ကူညီပေးနေ သူတွေဆီကို နေ့စဉ်နီးပါးဆက်သွယ်လာကြတာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီကတော့ အခုလို ရဲတပ်သားတွေ CDM ဝင်နေတဲ့အတွက် မြို့ပေါ်က ရဲစခန်းတွေမှာ တင်းကြပ်မှုတွေရှိနေတယ်လို့ CDM…

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း တိုက်ပွဲပေါင်း ၇၇၀၀ ကျော် ဖြစ်ပွားခဲ့

ရန်ကုန်၊ အောက်တိုဘာ (၂၀) နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ လက်နက် ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ်မှာ အများဆုံးဖြစ်ခဲ့တယ်လို့ သုတေသနအဖွဲ့ တစ်ခု ဖြစ်တဲ့ ISP – Myanmar က ထုတ်ပြန်ပါတယ်။ ISP-Myanmar အဆိုအရ အဲဒီတိုက်ပွဲတွေထဲမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့…

စစ်အာဏာသိမ်း (၆၂၆) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၃၇၁ ဦး အထိရှိလာ

မော်လမြိုင်၊ အောက်တိုဘာ (၂၀) AAPP ရဲ့ အောက်တိုဘာလ (၁၉) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၂၆)ရက်အတွင်း ပြည်သူ (၂၃၇၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၅၉၀၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၇၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့်…

မော်လမြိုင် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ ဆိပ်ကမ်းစီမံကိန်းဟာ လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်တာတွေ ရှိနေ

မော်လမြိုင်၊ အောက်တိုဘာ (၂၀) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်၊ မော်လမြိုင်မှာ အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းတစ်ခု တည်ဆောက်ဖို့ စီမံဆောင်ရွက်နေပြီလို့ ပြောဆိုနေပေမယ့် အဲဒီစီမံကိန်းဟာ လက်တွေ့ အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်တာပါ။ စစ်ခေါင်ဆောင်က ခရီးသွား ဝင်ရောက်မှု ပိုမို အားကောင်း လာစေဖို့နဲ့ လေကြောင်းကနေ ကုန်စည် စီးဆင်းမှုတွေ…

မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး နိုင်ငံထဲမှာ ပါဝင်လာ

ရန်ကုန်၊ အောက်တိုဘာ (၂၀) မြန်မာ့ အင်တာနက် လွတ်လပ်ခွင့်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ဆက်တိုက်ကျဆင်းလာနေခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံတွေထဲက တရုတ်နိုင်ငံနည်းတူ တစ်နိုင်ငံဖြစ်လာတယ်လို့ ဒီနှစ်အတွက် ကမ္ဘာ့ အင်တာနက်လွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စစ်တပ်ရဲ့ အာဏာသိမ်း ဒုတိယမြောက်နှစ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မှာတော့ မြန်မာဟာ တရုတ်နိုင်ငံ နည်းတူ ဒစ်ဂျစ်တယ်အခွင့် အရေးချိုးဖောက်မှုတွေမှာ…

KNU ကျိုက်ထိုမြို့နယ်မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာ

ကျိုက်ထို၊ အောက်တိုဘာ (၂၀) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်ထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့က ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ရှိ စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ပြီးနောက်…

မြဝတီတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး သေဆုံး

မြဝတီ၊ အောက်တိုဘာ (၂၀) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ မြဝတီမြို့နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမအနီး ညောင်ချောင်းကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီ ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦး သေဆုံးခဲ့တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ကနေ သိရပါတယ်။ အောက်တိုဘာ(၁၉)ရက်နေ့ မနက်ပိုင်းက ညောင်ချောင်းကျေးရွာမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်…