ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ရှောင်ဒုက္ခသည် ၁၆,၀၀၀ ကျော် ထပ်တိုးလာ
စစ်တွေ၊ အောက်တိုဘာ (၂၁) ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းတို့မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရနေတဲ့ စစ်ရှောင်ဒုက္ခသည် ၁၆,၀၀၀ ကျော် ထပ်တိုးလာတယ်လို့ UNOCHA က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ထုတ်ပြန်ချက်အရ အရင်ရှိပြီးသား…
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ
ကျိုက်ထို၊ အောက်တိုဘာ(၂၁) နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်လာတယ်လို့ KNU သထုံခရိုင် ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ဒေသခံ နေအိမ် ၅…
ဒီပဲယင်းမြို့နယ် ဗမာ့လွတ်မြောက်ရေးတပ်မတော်-ဒီပဲယင်း(BIA)တပ်ဖွဲ့ ကျန်းမာရေးတာဝန်ခံ ဒေါက်တာနှင်းဆီနဲ့ ဆက်သွယ်မေးမြန်းချက်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊လက်ယက်ကုန်းကျေးရွာရှိ စာသင်းကျောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့သလို ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပဲယင်းမြို့နယ်ထဲက ဒေသခံတွေဟာ လက်ရှိမှာ ဘယ်လို အခက်အခဲတွေကို ဆက်လက်ရင်ဆိုင်နေရလဲ။ သူတို့ရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာရော ဘယ်လို ပြဿနာ ဖြစ်ပေါ်နေလဲ။ လက်ရှိမှာရော သူတို့ဒေသအတွင်းမှာ ဘယ်လို…
အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ AA တပ်ဖွဲ့ဝင်(၂) ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်(၂၀) ချမှတ်
ဘူးသီးတောင် – အောက်တိုဘာ(၂၀) ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်ကျေးရွာအုပ်စုက အသက်(၃၀) အရွယ် အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကို AA တပ်ဖွဲ့ဝင်(၂) ဦးက လက်နက်အားကိုးနဲ့ အဓမ္မပြုကျင့် ခဲ့တဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ်(၂၀) ချမှတ်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်း ထုတ်ပြန်ထားပါတယ်။ အိမ်ထောင်သည်အမျိုးသမီးကို အဓမ္မပြုကျင့်ခဲ့တဲ့ ရဲဘော်အဆင့်ရှိသူနှစ်ဦးကို ထောင်ဒဏ် အပြင် ကြိမ်ဒဏ်ကြီး အချက်(၃၀) ကိုပါ ချမှတ်ကာ…
Radio Than Lwin Times(18/10)
Youtube Link Sound Cloud Link
ထောင်တွင်းကနေရုံးထုတ်စစ်ဆေးရမယ့် အမှုတွေကို စစ်ကောင်စီရက်အကန့်အသတ်မရှိပိတ်ပင်
ရန်ကုန် – အောက်တိုဘာ(၂၀) ရန်ကုန်တိုင်း အင်စိန်အကျဉ်းထောင်ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီက ထောင်တွင်း အထူးတရားရုံးနဲ့ ပြင်ပ တရားရုံးတွေမှာ စစ်ဆေးရမယ့် အမှုတွေကို ရက်အကန့်အသတ်မရှိ ရပ်နားလိုက်တယ်လို့ တရားရေး အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြင်ပ တရားရုံးတွေမှာ စစ်ဆေးနေတဲ့ တရားမမှုတွေနဲ့ အာမခံရရှိထားတဲ့ အမှုတွေကိုတော့ ပုံမှန် အတိုင်းဆက်လက်စစ်ဆေးမှာ ဖြစ်ပြီး ထောင်တွင်းဖမ်းဆီးထိန်းသိမ်းခံထားရသူတွေကိုသာ ထောင်ပြင်ထုတ်ပြီး စစ်ဆေးရမယ့် အမှုတွေကို…
မန်ယူအသင်း စပါးအသင်းကို ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရ
မော်လမြိုင်၊ အောက်တိုဘာ (၂၀) မန်ယူအသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁) မှာ ဧည့်သည် စပါးအသင်းကို အိမ်ကွင်း အိုထရက်ဖို့ဒ်မှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်း နည်းပြ တန်ဟက်ဂ်ဟာ ဒီပွဲမှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့တာပြီး ဘရူနိုဖာနန်ဒက်စ်၊ ရပ်ဖို့ဒ်၊…
အရေးပေါ် အရန်ရေနံတွေ ဘိုင်ဒန်ထုတ်ရောင်းမယ်
ဝါရှင်တန်၊ အောက်တိုဘာ (၂၀) အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အခုနှစ်ကုန်မှာ နိုင်ငံရဲ့ အရေးပေါ်ရေနံသိုလှောင်မှုက ရေနံတွေကို ရောင်းချမယ့် အစီအ စဉ်ကို ဗုဒ္ဓဟူးနေ့မှာ ကြေညာမှာဖြစ်ပြီး ဈေးနှုန်းကျဆင်းတဲ့အခါ သိုလှောင်မှုတွေ ပြန်လည်ဖြည့်သွင်းပေးဖို့ ဗျူဟာပါ အသေး စိတ်ပါရှိတယ်လို့ အမေရိကန်ရဲ့ အကြီးတန်းအုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ အဲဒီ အစီအစဉ်ဟာ စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်နစ်နာစေမယ့် ရေနံဈေးနှုန်းတွေ…
ထိုင်းတော်ဝင်အသိုင်းအဝိုင်းကို စော်ကားပုတ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၉ နှစ်ချမှတ်ခံရ
ဘန်ကောက်၊ အောက်တိုဘာ (၂၀) ထိုင်းဘုရင့် အသိုင်းအဝိုင်းကို မထီမဲ့မြင်ပြုမှု အပါအဝင် အီလက်ထရွန်နစ်ဥပဒေကို ချိုးဖောက်တယ်လို့ဆိုကာ စာကြည့်တိုက်မှူးတစ်ဦး ဖြစ်တဲ့ အသက် ၃၁ နှစ် အရွယ် ပက္ကာပင်ယာကို ထောင်ဒဏ် ၉နှစ်ကျခံဖို့ တရားရုံးက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တော်ဝင် အသိုင်းအဝိုင်းကို စော်ကားပုတ်ခတ်တဲ့ အရေးအသားတွေ ပါဝင်တဲ့ ပို့စ် ၃ခုကို သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှ…
အီရန်က မောင်းသူမဲ့ လေယာဉ်တွေနဲ့ ဒုံးကျည်တွေ ရုရှားကို ထပ်ပို့ပေးမယ်လို့ဆို
တီဟီရန် – အောက်တိုဘာ(၂၀) ရုရှားနိုင်ငံကို မောင်းသူမဲ့ လေယာဉ်တွေအပြင် မြေပြင်ပစ်ဒုံးကျည်တွေ ပံ့ပိုးပေးမယ်လို့ အီရန်က ကတိပြုထားတယ်လို့ အကြီးတန်အရာရှိနှစ်ဦးနဲ့ အီရန် သံတမန်နှစ်ဦးက ရိုက်တာ ကိုပြောဆိုခဲ့ ပြီးအဲ့ဒီလုပ်ရပ်ဟာ အမေရိကန်နဲ့မဟာမိတ်အင်အားစုတွေကို ဒေါသွက်စေခဲ့တယ်လို့ဆိုပါတယ်။ အီရန် ခေါင်းဆောင် မိုဟာမက်မိုဘာနဲ့ အင်အားကြီးတော်လှန်ရေးအစောင့်တပ်က အကြီးတန်း အရာရှိနှစ်ဦးအပါအဝင် အမျိုးသားလုံခြုံရေးကောင်စီက အကြီးတန်အရာရှိတစ်ဦးတို့ဟာ ရုရှား နဲ့ဆွေးနွေးဖို့အတွက် မော်စကို မြို့ကို…
