မန်ယူအသင်း စပါးအသင်းကို ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ရ

0
8312

မော်လမြိုင်၊ အောက်တိုဘာ (၂၀)

မန်ယူအသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၁၁) မှာ ဧည့်သည် စပါးအသင်းကို အိမ်ကွင်း အိုထရက်ဖို့ဒ်မှာ ၂ ဂိုး ဂိုး မရှိ ရလဒ်နဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။

မန်ယူအသင်း နည်းပြ တန်ဟက်ဂ်ဟာ ဒီပွဲမှာ အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ပွဲထွက်စာရင်းမှာ ချန်လှပ်ခဲ့တာပြီး ဘရူနိုဖာနန်ဒက်စ်၊ ရပ်ဖို့ဒ်၊ ဆန်ချို အပါအဝင် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့တာပါ။

စပါအသင်းကလည်း အဓိက ကစားသမားတွေ ဖြစ်တဲ့ ဟာရီကိန်း၊ ဆွန်ယောင်မင် အပါအဝင် ကစားသမား အစုံအလင်နဲ့ မန်ယူအသင်းကို ယှဉ်ပြိုင်ခဲ့တာပါ။

ဒါပေမယ့် မန်ယူအသင်းဟာ စပါးအသင်းကို ပြိုင်ပွဲတလျှောက် အကောင်ဆုံး ဖိအားပေးနိုင်ခဲ့ပြီး ပွဲအပြီးမှာတော့ ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ အနိုင်ယူခဲ့တာပါ။

မန်ယူအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၇ မိနစ်မှာ ဖရက်ဒ်၊ ပွဲချိန် ၆၉ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်တို့က အသီးသီး သွင်းယူပေးခဲ့တာပါ။

မန်ယူအသင်းဟာ ဒီပွဲအနိုင်ရလဒ်ကြောင့် ပရီးမီးယားလိဂ် အဆင့် ၅ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး စပါးအသင်းကတော့ အဆင့် ၃ နေရာမှာပဲ ဆက်ရှိနေပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.