တရုတ်ကမ်းခြေစောင့် သင်္ဘော စောင့်ကြည့်ဖို့ အင်ဒိုစစ်သင်္ဘောစေလွှတ်
ဂျကာတာ – ဇန်နဝါရီ(၁၅) သံယဇာတပေါများတဲ့ အင်ဒိုနီးရှား ရေကြောင်းဧရိယာမှာ လှုပ်ရှားနေတဲ့ တရုတ်ကမ်းခြေစောင့် သင်္ဘောကို စောင့်ကြည့်ဖို့ မြောက်နက်တူနာပင်လယ်မှာ စစ်သင်္ဘောတစ်စင်း ဖြန့်ကျက်ထား တယ်လို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်က ပြောပါတယ်။ ခြေရာခံ အချက်အလက်တွေရ အဲဒီသင်္ဘောဟာ တူနာလုပ်ငန်းစုရဲ့ ဓာတ်ငွေ့တွင်းနဲ့ ဗီယက်နမ် နိုင်ငံ ချင်းမ်ဆောင်ရေနံနဲ့ သဘာဝဓာတ်ငွေ့မြေအနီး ပင်လယ်ထဲမှာ ပြီးခဲ့ပြီး ဒီဇင်ဘာလ(၃၀) တည်းက ရွက်လွှင့်နေတာဖြစ်တယ်လို့…
ကျိုက်ထိုကင်မွန်းချောင်းမှာ ဆယ်အိမ်မှူးအပါအဝင် ၂ ဦး ပစ်သတ်ခံရ
ကျိုက်ထို၊ ဇန်နဝါရီ(၁၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကဒက်ချောင်းတံတားအနီး ဈေးဆိုင်တန်းမှာ ဇန်နဝါရီ ၁၃ ရက်နေ့ညက ဆယ်အိမ်မှူးအပါအဝင် ၂ ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ ည ၈ နာရီလောက်က ကဒက်ချောင်းတံတားထိပ်နေ ဆယ်အိမ်မှူးဦးပေါ်ထွန်းနေအိမ်ကို လက် နက်ကိုင်သူ ၄ ဦး ရောက်လာပြီးနောက် ဦးပေါ်ထွန်းနဲ့စကားထိုင်ပြောနေတဲ့…
သထုံခရိုင်မှာ လက်နက်ကြီး ထိမှန်တာကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
သထုံ -ဇန်နဝါရီ(၁၄) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကနေ ဇန်ဝါရီ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ဦး သေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာ(၁)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီတပ်မ(၄၄) လက်အောက်ခံ တပ်ရင်းတွေဟာ ပြီးခဲ့တဲ့…
Radio Than Lwin times(12/1)
Youtube Link Sound Cloud Link
TLT Tv ||- ၂၀၂၃ ခုနှစ် ဇန်နဝါရီလ(၁၄) ရက် စနေနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/0EsZ9aSMiDw
ထောင်ထွက်တွေကို လစာ တစ်သိန်းရှစ်သောင်းပေးပြီး ပျူစောထီးလုပ်ဖို့ စစ်တပ်ခေါ်ယူ
ပခုက္ကူ – ဇန်နဝါရီ(၁၄) မကွေးတိုင်း ပခုက္ကူမြို့မှာ လူသတ်မှု၊မူးယစ်ဆေးဝါးမှုတွေနဲ့ ထောက်ထွက်တွေကို စစ်ကောင်စီ က လစာ တစ်သိန်းရှစ်သောင်းပေးပြီး စစ်တပ်လက်အောက်ခံပျူစောထီး လုပ်ဖို့ ခေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျူစောထီးအဖြစ် ခေါ်ယူသူတွေဟာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ ပါလာတဲ့ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ခိုးမှုနဲ့ ထောင်ကထွက်လာသူတွေကို ဦးစားပေးခေါ်ယူနေတာပါ။ ပြည်သူနဲ့ မပူးပေါင်းဘဲ စစ်တပ်လက်အောက်ခံ လုပ်နေတဲ့ ပျူစောထီးတွေကို အပြစ်ပေး…
ကားနဲ့တိုက်ဆွဲခံရပြီး သေဆုံးသွားရသော ဒေလီမြို့သူ အမျိုးသမီးအတွက် တရားမျှတမှုရရေး တောင်းဆို
နယူးဒေလီ၊ ဇန်နဝါရီ(၁၄) အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ကားနဲ့ချိတ်ပါပြီးသေဆုံးသွားသော စကူတာစီးနင်းသူ အမျိုးသမီးအတွက် တရားမျှတမှုရှိစေဖို့ လူထုစုဝေးပြီးအပူတပြင်း တောင်းဆိုခဲ့ကြပါတယ်။ အသက် ၂၀ အရွယ် စကူတာစီးလာတဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ၁ရက် အစောပိုင်းတုန်းက ကားတစ် စီးနဲ့တိုက်မိခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ ၁၂ ကီလိုမီတာ (၇ မိုင်ကျော်) အကွာအဝေးအထိ ချိတ်ပါသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ “မိန်းကလေးရဲ့အလောင်းဟာ ကားနဲ့တစ်နည်းနည်းချိတ်မိနေပြီး…
အီစတာဗုံးခွဲမှုမှာ ထိခိုက်ဒဏ်ရာရရှိသူတွေကို လျော်ကြေးပေးဖို့ သီရိလင်္ကာသမ္မတဟောင်း အမိန့်ချခံရ
ကိုလံဘို – ဇန်နဝါရီ(၁၄) သီရိလင်္ကာနိုင်ငံ သမ္မတဟောင်းကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က အီစတာဗုံးခွဲမှုမှာ လူပေါင်း (၂၉၀) ထက်မနည်း သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရရှိခဲ့တာနဲ့ပတ်သက်ပြီး တားဆီးဖို့ ပျက်ကွက်ခဲ့လို့ သီရိလင်္ကာ တရားရုံးက ထိခိုက်သူတွေကို လျော်ကြေးပေးဖို့ အမိန့်ချခဲ့ပါတယ်။ သမ္မတဟောင်းဟာ တိုက်ခိုက်မှုတွေအတွက် ယုံကြည်ရလောက်တဲ့ ထောက်လှမ်းရေး သတိပေး ချက်ရရှိခဲ့ပေမယ့် အဖြစ်ဆိုးကို တားဆီးဖို့…
ထိုင်းစစ်တပ်က သံသယမူးယစ်ကုန်သည် (၅) ဦးကို တောတွင်းတစ်နေရာမှာ ပစ်ခတ်ရှင်းလင်း
ဘန်ကောက် – ဇန်နဝါရီ(၁၄) ထိုင်းနိုင်ငံမြောက်ပိုင်း တောတွင်း တစ်နေရာမှာ သံသယ မူးယစ်ကုန်သည်(၅) ဦးကို စစ်တပ်က ပစ်ခတ်ရှင်းလင်းခဲ့ပြီး(၂) လအတွင်း တတိယအကြိမ်မြောက် ပစ်ခတ်မှု ဖြစ်တယ်လို့အာဏာပိုင် တွေက ဆိုခဲ့ပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၁၂) ရက်မနက်အစောပိုင်းက ထိုင်း၊လာအိုနဲ့ မြန်မာနိုင်ငံ ကြားမှာ ရှိတဲ့မူယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားတဲ့ ရွှေတြိဂံ အနီးက ချင်းရိုင်ခရိုင်မှာ ဖြစ်…
အောင်လအန်ဆန် ဘရာဇီးလ်ဖိုက်တာကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရ
ဘန်ကောက်၊ ဇန်နဝါရီ (၁၄) မြန်မာ့စပါးအုံး အောင်လအန်ဆန်ဟာ One Championship MMA ပြိုင်ပွဲရဲ့ ကိုယ်ခံပညာသိုင်းပေါင်းစုံထိုးသတ်ပွဲမှာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီမှာပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ ဘရာဇီးဖိုက်တာ ဂီလ်ဘာတို ဂယ်လ်ဗာအိုကို ပထမအချီစတဲ့ ပွဲချိန် ၁ မိနစ်နဲ့ ၂၉ စက္ကန့်မှာပဲ အလဲထိုးပြီး ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တာပါ။ အောင်လဆန်ဆန်တို့ရဲ့…
