ကားနဲ့တိုက်ဆွဲခံရပြီး သေဆုံးသွားရသော ဒေလီမြို့သူ အမျိုးသမီးအတွက် တရားမျှတမှုရရေး တောင်းဆို

0
8606

နယူးဒေလီ၊ ဇန်နဝါရီ(၁၄)

အိန္ဒိယနိုင်ငံမြို့တော်ဒေလီမှာ ကားနဲ့ချိတ်ပါပြီးသေဆုံးသွားသော စကူတာစီးနင်းသူ အမျိုးသမီးအတွက် တရားမျှတမှုရှိစေဖို့ လူထုစုဝေးပြီးအပူတပြင်း တောင်းဆိုခဲ့ကြပါတယ်။

အသက် ၂၀ အရွယ် စကူတာစီးလာတဲ့ အမျိုးသမီးတစ်ဦးဟာ ဇန်နဝါရီ၁ရက် အစောပိုင်းတုန်းက ကားတစ် စီးနဲ့တိုက်မိခဲ့ပြီး သူမရဲ့ ခန္ဓာကိုယ်ဟာ ၁၂ ကီလိုမီတာ (၇ မိုင်ကျော်) အကွာအဝေးအထိ ချိတ်ပါသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

“မိန်းကလေးရဲ့အလောင်းဟာ ကားနဲ့တစ်နည်းနည်းချိတ်မိနေပြီး ၁၀ ကီလိုမီတာကနေ ၁၂ ကီလိုမီတာလောက် ချိတ်ပါသွားပြီးတော့ ကွေ့တစ်ခုမှာတော့ အလောင်းက ကားပေါ်  ပြုတ်ကျသွားတယ်” လို့ ဒေလီရဲအရာရှိက တနင်္လာနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အဲဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ လူငါးဦးကို ဖမ်းဆီးထားတယ်လို့ အဲဒီအာဏာပိုင်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ သေဆုံးသူနှင့်အတူ လိုက်ပါလာတဲ့ သက်သေတစ်ဦးဟာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
“စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်… ရှုထောင့်ပေါင်းစုံကို ကြည့်နေပြီး မကြာခင်မှာ အပြီးသတ်တော့မှာဖြစ်လို့ စွပ်စွဲခံရသူကို ဖြစ်နိုင်သမျှ ပြင်းထန်တဲ့ ပြစ်ဒဏ်ကို ချမှတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။
ဒေလီရဲအရာရှိ ဟာရန်ဒရာဆိုက်ရဲ့ ပြောကြားချက်အရ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေဟာ စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်ကို ဆိုးဆိုးရွားရွား ဖြတ်တောက်ခံရသလို ဖြစ်သွားခဲ့ကြောင်း သိရပါတယ်။

“အချိန်အတော်ကြာ တိုက်ဆွဲခံလိုက်ရတာကြောင့် ဦးခေါင်းနောက်ဘက်နဲ့ နောက်ကျောဘက်တွေ ပျက်စီး သွားတယ်” လို့ သူကပြောပါတယ်။

ယာဉ်တိုက်မှုရဲ့ အသေးစိတ်အချက်အလက်တွေကြောင့် အိန္ဒိယနိုင်ငံတဝှမ်း ပြည်သူတွေကို ဒေါသထွက်ပေါ် စေခဲ့ပြီး တရားခံတွေကို တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်ပေးဖို့ ခရိုင်ရဲစခန်းတစ်ခုရှေ့မှာ လူပေါင်းရာနဲ့ချီစုရုံးခဲ့ ကြပြီး အကြီးတန်းနိုင်ငံရေးသမားတွေကလည်း စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ယာဉ်မတော်တဆမှုတွေဟာ မကြာခဏဖြစ်ပွားလေ့ရှိပြီး ၂၀၂၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ လမ်းမတွေပေါ်မှာ လူပေါင်း ၁၅၄,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ် ယာဉ်တိုက်ပြီးထွက်ပြေးသွားတဲ့ ဖြစ်ရပ်ပေါင်း ၅၈,၀၀၀ နီးပါး ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

Ref,CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.