စစ်ကောင်စီနဲ့မွန်ငြိမ်းချမ်းကာကွယ်ရေး ပူးပေါင်းတပ်စခန်းကို ရေးဘီးလူးအဖွဲ့ ဝင်တိုက်
ရေး – မတ်(၁၀) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာအုပ်စု၊ စုံနံသာကျေးရွာအနီး ခံသင်းတံတားရှိ စစ်ကောင်စီနဲ့ မွန်ငြိမ်းချမ်းကာကွယ်ရေး ပူးပေါင်းတပ်စခန်းကို ဒီနေ့ မတ် ၁၀ ရက်နေ့ မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ပြောပါတယ်။ တပ်အင်အား ၁၅ ဦးနီးပါး တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီပူးပေါင်းတပ်စခန်းကို ဒီနေ့ မနက် ၇ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်…
အာဏာရှင်တိုက်ထုတ်ရင်းနဲ့ အဖိုးတန်တဲ့ စတေးပေးဆပ်မှုကို လက်ခံဖို့ ခဲယဉ်းတယ်လို့ NUG ဝန်ကြီးချုပ်ပြော
မော်လမြိုင် – မတ်(၁၀) မြန်မာနိုင်ငံကို လက်နက်နဲ့ မတရားအနိုင်ကျင့်နေတဲ့ စစ်အာဏာရှင်တွေကို တွန်းလှန်ရင်း နိုင်ငံရေး စနစ်သစ်တစ်ခုကို ဖော်ဆောင်ရာမှာ ကြီးမားတဲ့ ပေးဆပ်မှုတွေရှိလာနိုင်တာကို လက်ခံထားပေမယ့် အဖိုးတန်လှတဲ့ စတေးပေးဆပ်မှုတွေကို လက်ခံဖို့ ခဲယဉ်းတယ်လို့ NUGဝန်ကြီးချုပ်ကပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၉) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး မှာ အခုလိုပြောခဲ့တာပါ။…
ပြည် နည်းပညာတက္ကသိုလ် ကျောင်းသားများ၏ ဆယ့်သုံးနှစ်မြောက် ကိုဘုန်းမော် နှစ်ပတ်လည် လှုပ်ရှားမှု သမိုင်း တစ်ပိုင်းတစ်စ
ဌေးဝင်း ***** စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ တလျှောက်လုံးတွင် ကျောင်းသားများသည် အမြဲတမ်း ရှေးဆုံးမှ ပါဝင်လာခဲ့ကြသည်ချည်း ဖြစ်ရာ နဝတ နအဖ အစိုးရ ခေတ်များတွင် ကျောင်းသားများကို မစုစည်းရ လေအောင် ဖြိုခွဲသည့် နည်းလမ်းသစ် အဖြစ် ကျောင်းများကို မြို့နှင့်ဝေးရာသို့ ပြောင်းပစ်ခြင်းကို အဓိကပြုလုပ်ခဲ့သည်။ ထို့ကြောင့် နာမည်ကျော် ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများကို…
“ကျွန်တော်တို့ ထိပ်သီးခေါင်းဆောင်တွေကနေ ဖွဲ့စည်းထားတဲ့ EAO ၇ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေး ညှိ့နှိုင်းရေး အဖွဲ့ကနေပြီးတော့ ကျွန်တော်တို့ NSPNC နဲ့ပေါ့လေ အလွတ်သဘောတွေ့ဆုံညှိ့နှိုင်းနိုင်အောင် ကျွန်တော်တို့စတင်ပြီး ကြိုးပမ်းဆောင်ရွက်ခြင်း ဖြစ်ပါ တယ်”
အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်နဲ့ ဆက်သွယ်မေးမြန်းချက်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) ၇ ဖွဲ့ဟာအခုလအတွင်း စစ်ကောင်စီ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့အလွတ်သဘောဆွေးနွေးနိုင်ဖို့ ကမ်းလှမ်းထားပါတယ်။ ဒါကြောင့် စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းရတဲ့ အခြေအနေ၊ စစ်ကောင်စီရဲ့ သဘောထား၊ အလွတ်သဘော တွေ့ဆုံမှုမှာ ဘာတွေ…
တနင်္သာရီမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ
တနင်္သာရီ၊ မတ်(၁၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲကို ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း၊ တုံးဗျောနဲ့ ချောင်းလမုကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။…
စစ်အာဏာသိမ်း (၇၆၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၁၁၆ ဦးအထိရှိလာ
မော်လမြိုင်၊ မတ်(၁၀) AAPP ရဲ့ မတ်(၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၆၇)ရက်အတွင်း ပြည်သူ (၃၁၁၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၂၈၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၀) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ…
ဥပဒေပြဌာန်းပြီး ဆန်စပါးဈေးကွက်ထိန်းချုပ်ဖို့ စစ်ကောင်စီခြေလှမ်းပြင်
ရန်ကုန်၊ မတ် (၁၀) မြန်မာနိုင်ငံအတွင်းထွက်ရှိနေတဲ့ ဆန်စပါးတွေကို စိုက်ပျိုးထုတ်လုပ်မှုအပါအဝင် တင်ပို့ရောင်းချရာမှာ ဥပဒေနဲ့ အညီ ကြီးကြပ်နိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီက ဆန်စပါးဥပဒေရေးဆွဲပြဌာန်းဖို့ ကြိုး ပမ်းလာတာ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဆန်စပါးဥပဒေပြဌာန်းထားဖို့အတွက် ဥပဒေမူကြမ်းကို ရန်ကုန်နဲ့ပုသိမ်မြို့နယ်တို့မှာ ဆွေးနွေးပွဲတွေ ပြုလုပ်ထားသလို နေပြည်တော်၊ မန္တလေးအပါအဝင် စပါးအဓိကစိုက်ပျိုးရာဒေသတွေမှာလည်း မတ်လကနေ ဧပြီလဆန်းအထိ ဆွေးနွေးပွဲတွေ ပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။ စစ်ကောင်စီကတော့…
စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံခွင့်ရဖို့ အပစ်ရပ် ၇ ဖွဲ့ ကြိုးပမ်း
နေပြည်တော် ၊ မတ် (၉) NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့ဟာ အခုလအတွင်း စစ်ကောင်စီ ငြိမ်းချမ်းရေးဖော် ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အလွတ်သဘောဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA)မှာ လက်မှတ်ရေးထိုးထားတဲ့…
ဘုတ်ပြင်းမြို့နယ်မှာ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ စစ်ကောင်စီဖိအားပေး
ဘုတ်ပြင်း၊ မတ်(၁၀) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်ထဲမှာ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့နဲ့ မတက်တဲ့ နေအိမ်တွေကို ဒဏ်ငွေကျပ် တစ်သောင်းပေးဆောင်ဖို့ စစ်ကောင်စီတပ် ညွှန်ကြားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီတပ်မမှူးဆိုသူ ညွှန်ကြားလာတာကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ထပ်ဆင့်စေခိုင်းလာတာပါ။ စစ်ကောင်စီတပ်က တစ်အိမ်တစ်ယောက် စစ်သင်တန်းတက်ဖို့ ညွှန်ကြားထားပေမယ့် သင်တန်းဖွင့်သွားမယ့် အစီအစဉ်နဲ့…
ဘီးလင်းမြို့နယ်က ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရ
ဘီးလင်း၊ မတ်(၁၀) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ ကတိုးဆိပ်ကျေးရွာ၊ ဘုရားငုတ်တိုဘုန်း ကြီးကျောင်းအနောက်ရှိ ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ဖောက်ခွဲခံရတာကြောင့် မီးလောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီဓါတ်ငွေ့ပိုက်လိုင်းဟာ မတ် ၉ ရက်နေ့ မနက် ၃ နာရီလောက်မှာ မိုင်းထောင်ဖောက်ခွဲခံလိုက်ရတဲ့အတွက် ဓါတ်ငွေ့ပိုက်လိုင်း ၃ ပေကျော် ပြတ်တောက်သွားခဲ့တာပါ။ ဓါတ်ငွေ့ပိုက်လိုင်း မိုင်းထောင်ဖောက်ခွဲခံရပြီး မီးအဆက်မပြတ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ…
