ပြင်သစ်အစိုးရဝန်ကြီးတစ်ဦး ပလေးဘွိုင်းမဂ္ဂဇင်းအတွက် သရုပ်ဖော် ပုံရိုက်ကူးခဲ့

ပဲရစ်၊ ဧပြီ(၄) ပြင်သစ်သမ္မတ အီမန်နျူရယ်မာကွန်ရဲ့ အဓိကဝန်ကြီးတွေထဲကတစ်ဦးဟာ ပလေးဘွိုင်း မဂ္ဂဇင်းရဲ့ ရှေ့မျက် နှာဖုံးမှာဖော်ပြခဲ့ရမှုကြောင့် ပြင်သစ်အစိုးရကို လှုပ်ခတ်စေခဲ့ပါတယ်။ အဲဒီလို လှုပ်ခတ်သွားစေတဲ့ ကိုယ်လုံးတီးပုံတွေနဲ့ လူသိတဲ့ မဂ္ဂဇင်းမှာဖော်ပြခဲ့တဲ့ ဝန်ကြီးမာလင်းချပ်ပါရဲ့ စာမျက်နှာ ၁၂မျက်နှာပါ အင်တာဗျူးကြောင့်လည်း ထောက်ခံမှုအဆင့်တွေ ကျဆင်းလာခဲ့ပါတယ်။ အဲဒီမဂ္ဂဇင်းအတွက် သရုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ဟာ ကိုယ်ပိုင်ပါတီအတွင်းမှ ဝန်ကြီးချုပ်နဲ့ မစ္စချပ်ပါရဲ့သူဌေး အယ်လီဇလတ်တို့ အပါအဝင်…

ချင်းရိုင်းကောင်းကင်ယံမှာကျွန်ုပ်တို့ အသက်ရှု၍မရတော့ပါ ဆိုတဲ့ စာတန်းချိတ်ဆွဲထားတဲ့ ဒရုန်းပေါ်ထွက်လာ

ချင်းမိုင် – ဧပြီ(၄) လယ်ကိုင်းတွေ မီးရှို့ချိန်မှာထွက်လာတဲ့ PM2.5 ကြောင့် လေထုညစ်ညမ်းမှုလျှော့ချဖို့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် စာသင်ကျောင်းတစ်ခုက ဒရုန်းတစ်စင်းဟာ လယ်သမားတွေကို အသိ ပေးစာတန်းချိတ်ဆွဲပြီး ပျံသန်းခဲ့ပါတယ်။ အဲဒီဒရုန်းမှာ ကျွန်ုပ်တို့အသက်ရှု၍မရတော့ပါ၊ တောမီးရှို့မှုများ ကျေးဇဓးပြု၍ ရပ်တန့်ပေးကြ၊ မြောက်ပိုင်းကိုကယ်တင်ပါ ဆိုတဲ့ စာသားတွေချိတ်ဆွဲထားတာပါ။ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်ရတဲ့ ကျန်းမာရေးအကျိုးဆက်တွေကိုထင်ဟပ်တဲ့ တခြား စာသားတွေဖြစ်တဲ့…

နေတိုးနဲ့ နီးကပ်တဲ့ ဘီလာရုစ်နယ်နိမိတ်မှာ ရုရှားရဲ့ နျူလက်နက်တွေ ထားရှိမယ်

မော်စကို – ဧပြီ(၄) ရုရှားက သူတို့ရဲ့ နည်းဗျူဟာမြောက် နျူလက်နက်တွေကို ဘီလာရုစ်နိုင်ငံ အနောက်ဘက် နယ်နိမိတ်အနီးကို ရွှေ့ပြောင်းသွားမှာဖြစ်တယ်လို့ ရုရှားသံတမန်က ဧပြီလ(၂) ရက်နေ့က ပြောခဲ့ပါတယ်။ အဲဒီလက်နက်တွေကို နေတိုးရဲ့ လက်တစ်ကမ်းအလိုမှာ ချထားမှာဖြစ်တဲ့အတွက် ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက တင်းမာမှုတွေပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိနေတာပါ။ ယူကရိန်းကို စတင်ကျူးကျော်တည်းက ရုရှားရဲ့ အထင်ရှားဆုံးနျူကလီးယား အချက်ပြမှု တစ်ခုမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က…

မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ကို စစ်သားနဲ့ ရဲ (၇)ဦးလက်နက်နဲ့ အလင်းဝင်

မြိုင် – ဧပြီ(၃) မကွေးတိုင်း၊မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ စစ်သား နဲ့ ရဲ (၇) ဦးလက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတဲ့အတွက် ဂုဏ်ပြုငွေပေးအပ် ထားတယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) ဗိုလ်လက်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ ဧပြီလ(၃) ရက်နေ့ မနက်(၁၀) နာရီဝန်းကျင်က စစ်ကောင်စီတပ်မ-၁၀၁ က စစ်သား (၃) ဦးနဲ့…

စစ်အုပ်စုအုပ်ချုပ်နေသ၍ မြန်မာ့စီးပွားရေး တိုးတက်လာဖို့မရှိဘူးလို့ ပညာရှင်တွေပြော

မော်လမြိုင် ၊ ဧပြီ (၂) ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွားကျဆင်းနေတဲ့ မြန်မာ့စီးပွားရေးဟာ စစ်အုပ်စုအုပ်ချုပ်နေသ၍ တိုးတက်လာဖို့ မရှိသလို ပိုဆိုးတဲ့အခြေအနေတစ်ခုကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ် ။မြန်မာ့စီးပွားရေးဟာ စစ်တပ်အာဏာသိမ်း ၂ နှစ်အတွင်း ပဋိပက္ခတွေကြောင့် ဆိုးဆိုးရွားရွား ကျဆင်းနေသလို ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP ကလည်း ဒီနှစ်စက်တင်ဘာလအထိ ၃ ရာခိုင်နှုန်းလောက်သာရှိလာနိုင်မယ်လို့ ကမ္ဘာ့ဘဏ်က မတ်…

ကျရှုံးနိုင်ငံ Fail State အဆင့်ကို ပိုမိုဦးတည်လာတဲ့ မြန်မာ

ရန်ကုန်၊ ဧပြီ(၂) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ Fail State အဆင့်ကို ဦးတည်ရောက်ရှိလာနေပြီလို့ စီးပွားရေး ပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။နိုင်ငံ့အာဏာသုံးရပ်ကို ချုပ်ကိုင်ထားတဲ့ စစ်ကောင်စီလက်ထက်မှာ စီးပွားရေး၊နိုင်ငံရေး၊ပညာရေး၊ကျန်းမာရေး၊ လူမှုရေး စတဲ့ ကဏ္ဍတွေမှာ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ အဘက်ဘက် ယို ယွင်းကျဆင်းလာလို…

KNU နယ်မြေကိုကိုင်တွယ်နေတဲ့ စစ်တပ်ထိပ်ပိုင်းအရာရှိတချို့ အနားပေးခံရ

နေပြည်တော်၊ ဧပြီ(၂) ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေတွေကို အဓိကကိုင်တွယ်နေတဲ့ စစ်ကောင်စီအမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူးအပါအဝင် စစ်ဌာနချုပ်တိုင်းမှူးတို့ကို အနားပေးတာနဲ့ အရန်အင်အား ပြောင်းရွှေ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။ KNU လှုပ်ရှားနယ်မြေတွေဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့ကို အဓိကကိုင်တွယ်နေတဲ့ အမှတ် (၄) စကခမှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင်ကို အနားပေးပြီး သူရဲ့ နေရာမှာ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး…