ဖိလစ်ပိုင်သမ္မတ မားကိုစ့် ကိုဗစ်ကူးစက်ခံထားရ
မနီလာ၊ ဒီဇင်ဘာ ၆ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ့်ဂျူနီယာ ကိုဗစ်ကူးစက်ခံထားရတယ်လို့ စစ်ဆေးချက်တွေအရ သိရပေမယ့် အစည်းအဝေးတွေကို အွန်လိုင်းစနစ်နဲ့ ကျင်းပသွားမယ်လို့ သမ္မတရုံးက အသိပေး ထားပါတယ်။ မားကိုစ့်ဟာ ၅ ရက်ကြာ သီးသန့်နေထိုင်သွားမှာဖြစ်ပြီး ဘယ်လိုဗိုင်းရပ်စ်အမျိုးအစားကူးစက်ခံ ထားရတယ်ဆိုတာကိုတော့ သမ္မတရုံးက အတည်မပြုထားပါဘူး။ “သမ္မတဟာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်သွားမှာဖြစ်မှာပြီးတော့ ချိန်းဆိုထားတဲ့ အစည်းအဝေးတွေကို တယ်လီကွန်ဖရန့်ကတဆင့် ကျင်းပမှာဖြစ်ပါတယ်”လို့…