တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ကြီးတွေမှာ အိမ်ခြံမြေကဏ္ဍ မြှင့်တင်မယ့်အစီအစဉ်တွေ မိတ်ဆက် မယ်

0
2048

ပေကျင်း – ဩဂုတ်(၁)

တရုတ်နိုင်ငံရဲ့ ပြန်လည်နာလန်ထူလာတဲ့ လက္ခဏာအနည်းငယ်ရှိနေတဲ့ အိမ်ခြံမြေ ကဏ္ဍကို မြှင့် တင်ဖို့ မြို့ကြီးတွေမှာ အိမ်ဝယ်သူတွေရဲ့ လိုအပ်ချက်ကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေး နိုင် မယ့်အစီအစဉ်တွေကို ဒီသီတင်းပတ်အကုန်မှာ အကောင်အထည်ဖော်ဖို့ရှိတယ်လို့ သိရပါတယ်။

အိမ်ခြံမြေမူဝါဒတွေကို အချိန်နဲ့ တပြေးညီ ပြုပြင်ပြောင်းလဲဖို့နဲ့ အကောင်းမွန်ဆုံးဖြစ်အောင် လုပ်ဆောင်ဖို့ ဇူလိုင်လအတွင်းကျင်းပတဲ့ ပေါ်လစ်ဗျူရိုအစည်းအဝေးမှာ ထိပ်သီးခေါင်းဆောင် တွေ ကတိပြုပြီးနောက် အခုလို ထွက်ပေါ်လာဖြစ်ပြီး အိမ်ရာဝန်ကြီးကလည်း ပိုမိုထိရောက်တဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုတွေကို ကတိပြုထားတာပါ။ 

ပေါ်လစ်ဗျူရိုအစည်းအဝေးအပြီး မူဝါဒချမှတ်သူတွေကို အိမ်ခြံမြေတည်ငြိမ်ရေး ခြေလှမ်းတွေ ကိုအချက်ပြဖို့ စျေးကွက်တွေမှာ မျှော်လင့်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေကဏ္ဍဟာ အကြပ်အတည်းရဲ့ ဗဟိုချက်မှာ ကမ္ဘာ့ကြွေးမြီအများဆုံး အိမ်ခြံမြေ ကုမ္ပဏီ China Evergrande Group နဲ့ လွန်ခဲ့တဲ့ နှစ်အနည်း ငယ်အတွင်း ငွေသားကိုင်ဆောင်ထားတဲ့ ကုမ္ပဏီတွေရဲ့ ကြွေးပြီးပုံစံတွေကို အများအပြားတွေ့ မြင်ခဲ့ရတာဖြစ်ပါတယ်။ 

မြို့တော်ရဲ့ အိမ်ခြံမြေအခြေအနေကို ထည့်သွင်းစဉ်းစားကာ မူဝါဒချမှတ်သူတွေရဲ့ ကတိကဝတ် တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ ပေကျင်းမြို့တော်ရဲ့ အိမ်ရာဝန်ကြီးဌာနက ဇူလိုင်လ(၂၉) ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

တောင်ပိုင်မြို့ကြီး ရှန်ကျန်းကလည်း အလားတူ ကြေညာချက်ကို ဇူလိုင်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး ကွမ်ကျိုးအိမ်ယာဝန်ကြီးဌာနကလည်း သက်ဆိုင်ရာ မူဝါဒ အစီအမံတွေကို တက်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့ ကတိပြုထားတယ်လို့ တရားဝင်သတင်းစာမှာ ဖော်ပြထား ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.