အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှု အချက်အလက်ပေးပို့ဖို့ တရုတ်ထံ WHO တောင်းခံ

0
252

ပေကျင်း၊ နိုဝင်ဘာ ၂၄

အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုမြင့်တက်လာတာနဲ့ ပတ်သက်ပြီး ကလေးသူငယ်တွေမှာ နမိုးနီးယား ကူးစက်ခံနေရတယ်ဆိုတဲ့ အခြေအနေတွေကို တရုတ်အစိုးရအနေနဲ့ အသေးစိတ်အချက်အလက်ထုတ်ပြန်ပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တောင်းခံလိုက်ပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့ နိုင်ငံအတွင်းမှာဖြစ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ မြင့်တက်လာမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို နိုဝင်ဘာ ၁၃ ရက်‌နေ့က ကျင်းပခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေဟာ COVID-19 ကန့်သတ်ချက်တွေကို ရုတ်သိမ်းလိုက်ပြီးနောက်ပိုင်း တုပ်ကွေး၊ (ငယ် ရွယ်သောကလေးများကို ထိခိုက်စေလေ့ရှိတဲ့ ဘုံဗက်တီးရီးယားပိုးကူးစက်မှု)၊ ကိုဗစ်ရောဂါဖြစ်စေနိုင်တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတွေအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပေါင်းစပ်ဗိုင်းရပ်စ်ပိုးတွေ ကြောင့်ဖြစ်ပွားတဲ့ ဖျားနာမှုတွေ တိုးလာတယ်လို့လည်း တရုတ်အာဏာပိုင်တွေက ထင်မြင်ယူဆထားပါတယ်။

တရုတ်အာဏာပိုင်တွေအနေနဲ့လည်း ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံတွေနဲ့ ရပ်ရွာနေရာ တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုမှု တိုးမြှင့်ဖို့ လိုအပ်နေပြီး လူနာတွေကို စီမံခန့်ခွဲနိုင်ဖို့ကျန်းမာရေးစနစ်ရဲ့ စွမ်းဆောင်ရည်ကို အားကောင်းစေဖို့ အလေးပေးပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဗုဒ္ဓဟူး‌နေ့ ပြောကြားချက်အရ ကူးစက်ရောဂါစောင့်ကြည့်ရေး အစီအစဉ်မှာပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုဟာ တရုတ်ပြည်မြောက်ပိုင်းမှာရှိနေတဲ့ ကလေးတွေမှာ အမျိုးအမည်မသတ်မှတ်နိုင်တဲ့ ကူးစက်ရောဂါပျံ့နှံ့လာမှုကို အစီရင်ခံထားတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရုတ်အစိုးရက မကြာသေးခင်က ထုတ်ပြန်ထားတဲ့ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါတွေ တိုးမြှင့်လာမှုနဲ့ သက်ဆိုင်မှု ရှိ မရှိ မရှင်းလင်းသေးဘူးလို့လည်း WHO ပြောကြားထားတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကလေးတွေကြားမှာဖြစ်ပွားနေတဲ့ ကူးစက်မှုတွေနဲ့ ဆက်စပ်တဲ့ ကပ်ဘေး ဆိုင်ရာအချက်အလက်တွေ၊ ဆေးခန်းအချက်အလက်၊ ဓါတ်ခွဲခန်း အဖြေတွေကို နိုင်ငံတကာကျန်း မာရေးနည်းဥပဒေ ယန္တရားတွေကတဆင့် တောင်းခံထားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှုဘေးအန္တရာယ်လျှော့ချမယ့် အတိုင်းအတာတွေကို တရုတ်နိုင်ငံအတွင်းမှာရှိနေတဲ့ ပြည်သူတွေ လိုက်နာကြဖို့ အကြံပြုထားသလို ထပ်ဆောင်းသတင်းအချက်အလက်တွေ တောင်းခံထားဆဲဖြစ်တယ်လို့ WHO က ပြောကြားထားပါတယ်။

Ref : Reuters/cm

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.