နီပေါအစိုးရက ဒီနှစ်အတွက် ဧဝရက်တောင်တက်ခွင့် (၄၅၀) ကျော်ခွင့်ပြု

0
4188

ခတ္တမန္ဒု – ဧပြီ(၂၆) 

ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်တဲ့ ဧဝရက်တောင်ပေါ်ကို တက်ရောက်လိုသူတွေအတွက် နီပေါအစိုးရ က ဒီနှစ် နွေဦးမှာ တောင်တက်ခွင့် (၄၅၄) ဦးအထိ ခွင့်ပြုမိန့်ပေးသွားဖို့ နီပေါအစိုးရက စီစဉ် ထား တယ်လို့ သိရပါတယ်။ 

နီပေါ ခရီးသွားလုပ်ငန်းဦးစီးဌာနက ဧဝရက်တောင်ထိပ်ကို တက်ရောက်ဖို့အတွက် သက်ဆိုင်ရာ ဦးစီးဌာနက အမြင့်ဆုံးခွင့်ပြုပေးတဲ့ ကိန်းဂဏန်းဖြစ်ပြီး ပိုများလာနိုင်တယ်လို့ AFP ကို ပြောပါ တယ်။ 

တောင်တက်သမားအများစုဟာ နီပေါနိုင်ငံသားလမ်းပြတွေရဲ့ အကူအညီနဲ့ ဧဝရက်တောင်ထိပ် ကိုတက်ရောက်လေ့ရှိပြီး တောင်တက်သမား (၉၀၀) ကျော်ဟာ လာမယ့် သီတင်းပတ်အနည်း ငယ် မှာ တောင်ထိပ်ကို ရောက်ရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က တောင်ထိပ်ပေါ်ရှိ လူဦးရေထူထပ်တဲ့ ဖြစ်စဉ်တစ်ခုမှာလည်း တခြား သော တောင်တက်အဖွဲ့ဝင်တွေဟာ အပူချိန်စောင့်ဆိုင်းခဲ့ရပြီး အောက်ဆီဂျင် ကျဆင်းတဲ့ အထိ ဖြစ်ပေါ်ခဲ့ကြသလို အဲဒီနှစ်မှာလည်း လူဦးရေထူထပ်မှုကြောင့် အနည်းဆုံး လူ(၁၁) ဦးထိ သေဆုံးခဲ့ပြီးနောက် လူဦးရေပြည့်ကျပ်နေတဲ့ အခြေအနေတွေကိုလည်း ဝေဖန်ခဲ့ကြတာပါ။ 

ဒီနှစ်ရာသီနီပေါအစိုးရရဲ့ ကိန်းဂဏန်းတွေဟာ တောင်တက်သမားတွေအတွက် ခွင့်ပြုပေးတဲ့ အမြင့်ဆုံး အရေအတွက်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးအစိုးရက တောင်တက်ခွင့်ပြုမိန့်ကို (၉၆) ဦးသာ ခွင့်ပြု ထားသလို အမေရိကန်က (၈၇) ဦးသာ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ 

နီပေါ တောင်တက်အသင်း ဥက္ကဋ္ဌဟောင်းက ကိုဗစ်ကြောင့် နီပေါကို ခရီးသည်တွေ လာရောက်နိုင်တာမရှိခဲ့ရာက ဒီနှစ်အတွက် တောင်တက်ခရီးသည်လူဦးရေ များပြားလာတာ ဖြစ်တယ်လို့ AFP ကိုပြောပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံပိုင် ဧဝရက်တောင်ဘက်ခြမ်းရဲ့ စည်းမျဉ်းသစ်အရ တောင်ထိပ်ရဲ့ တစ်ဖက် တစ်ချက်မှာ မီတာ (၈၀၀၀) စီရှိဖို့ လိုအပ်တဲ့အတွက် တရုတ်နိုင်ငံသားတွေကို နီပေါသို့ စေလွှတ် ထားခဲ့တယ်လို့လည်း သိရပါတယ်။ 

နီပေါဟာ ကမ္ဘာ့အမြင့်ဆုံး တောင်ထွဋ်တွေကို ပိုင်ဆိုင်တဲ့ (၈) ခုမြောက်နိုင်ငံဖြစ်ပြီး တောင်တက် သမားတွေလာရောက်နေတဲ့အတွက် နိုင်ငံရဲ့ အဓိက အခွန်ငွေရရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ 

ဧဝရက်တောင်တက်ခွင့်ပါမစ်ကို နီပေါအစိုးရက အမေရိကန်ဒေါ်လာ (၄.၈၆) မီလျံအထိ ရရှိထား ပြီး ပြည်ပတောင်တက်သမားတစ်ဦးကို အမေရိကန်ဒေါ်လာ (၁၁၀၀၀) ကောက်ခံထားတယ်လို့ သိရပါတယ်။ 

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.