အမေရိကန် နဲ့ တောင်ကိုရီးယားတို့ အာကာသ ပူးပေါင်းဆောင်ရွက်မှု သဘောတူ လက်မှတ်ထိုး

0
3930

ဝါရှင်တန် – ဧပြီ(၂၆) 

အမေရိကန်ရဲ့ နာဆာနဲ့ တောင်ကိုရီးယား သိပ္ပံအေဂျင်စီတို့ဟာ မြောက်ကိုရီးယားကို ဟန့်တားဖို့ အတွက် နည်းပညာမြင့် ချိတ်ဆက်မှုတွေနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတွေ တိုးချဲ့ဖို့ အတွက် နှစ်နိုင်ငံ အာကာသအတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ရည်ရွယ်တဲ့ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ အိမ်ဖြူတော် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်

တောင်ကိုရီးယားသမ္မတ ယွန်းဆုခ်ယိုက အမေရိကန်-တောင်ကိုရီးယား မဟာမိတ်နှစ်(၇၀) ပြည့် နှစ်ပတ်လည်ထိပ်သီးဆွေးနွေးပွဲအတွက် (၁၂) နှစ်အတွင်း ဝါရှင်တန်ကို သူ့ရဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ် ဒီသီတင်းပတ်မှာ စတင်ခဲ့ပြီးနောက် ဒီသဘောတူညီချက် ထွက်ပေါ် လာခဲ့တာပါ။ 

နာဆာလက်ထောက်အုပ်ချုပ်ရေးမှူး ပမ်မယ်ရွိုင်းနဲ့ တောင်ကိုရီးယား သိပ္ပံအိုင်စီတီဌာန အကြီးအကဲ ဂျွန်ဟိုလီတို့ဟာ အာကာသ စူးစမ်းလေ့လာရေးနဲ့ သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေး ရည်ရွယ်ချက် ပူးတွဲကြေညာချက်ကို မေရိလန်းရှိ အမေရိကန် အာကာသ အေဂျင်စီမှာ လက်မှတ်ရေးထိုးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သမ္မတယွန်းနဲ့ အမေရိကန် ဒုသမ္မတ ကမ်မလာ ဟားရစ်တို့ ရဲ့ ဂေါ့ဒက် ခရီးစဉ်မတိုင်ခင် လက် မှတ်ရေးထိုးမယ့် ပူးတွဲကြေညာချက်ဟာ အာကာသ ဆက်သွယ်ရေး၊ အာကာသ အခြေပြုသွား လာမှုနဲ့ လကမ္ဘာဆိုင်ရာ သုတေသနစတဲ့ နယ်ပယ်တွေမှာ နိုင်ငံရဲ့ ရည်မှန်းချက်ကို အတူ တကွ လုပ်ဆောင်ဖို့ အခိုင်အမာ အတည်ပြုမှာဖြစ်တယ်လို့ အိမ်ဖြူတော်တာဝန်ရှိသူက ပြောပါတယ်။ 

တောင်ကိုရီးယားဟာ မကြာသေးခင်နှစ်တွေအတွင်း အမေရိကန် အာကာသ ကြိုးပမ်းမှုတွေနဲ့ ပိုမိုနီးကပ်စွာ ချိန်ညှိနေချိန်မှာ သူတို့ရဲ့ ကိုယ်ပိုင်အာကာသနဲ့ လွှတ်တင်နိုင်စွမ်းကို မြှင့်တင်နေကာ ကမ္ဘာလုံးဆိုင်ရာ စစ်ရေးလှုပ်ရှားမှုတွေ ကမ္ဘာပတ်လမ်းကြောင်းမှာ မြင့်တက်လာပြီး အာကာသ စူးစမ်းလေ့လာရေးကို သံခင်းတမန်ခင်းဆိုင်ရာ အတွက် အဓိက ကိရိယာအဖြစ် ထွက်ပေါ်လာ တာဖြစ်ပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က အမေရိကန်ဦးဆောင်တဲ့ နှစ်နိုင်ငံသဘောတူစာချုပ်ဖြစ်တဲ့ အာကာသနဲ့ လမျက်နှာပြင်ပေါ်ရှိ အပြုအမူဆိုင်ရာ စံနှုန်းတွေကို ရေးထိုးခဲ့ပြီး ၂၀၂၂ ခုနှစ် က ကိုရီးယား ပက်ဖိုင်ဒါ လူနာအော်ဘစ်တာကို Space X ဒုံးပျံပေါ်မှာ လွှတ်တင်ခဲ့ပါသေးတယ်။ 

တောင်ကိုရီးယားဟာ သူတို့ရဲ့ ကိုယ်ပိုင် အာကာသတပ်ဖွဲ့ကို လေတပ် တစ်စိတ်တစ်ပိုင်းအဖြစ် ထူထောင်ပြီးနောက် ဝင်လာတဲ့ ဒုံးကျည်တွေကို စောင့်ကြည့်တာ၊ ထောက်လှမ်းတာနဲ့ ခြေရာခံ ခြင်းဆိုင်ရာ အာကာသ တပ်ဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထူထောင်ခဲ့တာဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.