မလေးရှားမှာ ကိုဗစ်ပိုးအသစ် အာကျူရပ်စ်ကူးစက်သူ ၁၂ ဦးအထိရှိလာပြီလို့ ကျန်းမာရေးဝန်ကြီးပြော

0
5360

ကွာလာလမ်ပူ၊ ဧပြီ(၂၆)

မလေးရှားနိုင်ငံအတွင်းမှာ Covid  19 XBB 1.16 (အာကျူရပ်စ်မျိုးကွဲ) ကူးစက်မူဖြစ်စဉ် ၁၂ ဦးအထိ စမ်း သပ်တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီး ဇာလီဟာ မူစတာဖာက ပြောကြားခဲ့ပါတယ်။  
“ဧပြီလ ၂ ရက်နေ့အထိ ကိုဗစ်မျိုးကွဲအသစ်ကို မလေးရှားအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှာ ရှာဖွေ တွေ့ရှိပြီ ဖြစ်ပါတယ်” လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့တာပါ။

ကူးစက်မှုဖြစ်စဉ် ၆ ခုကို ဆာရာဝက်မှာ ရှာဖွေတွေ့ရှိထားပြီး၊ နောက်ထပ်ကူးစက်မှု ၄ ခုကိုတော့ ဆီလန်ဂေါနဲ့ နောက်ထပ်ကူးစက်မှုဖြစ်စဉ် ၂ ခုကိုတော့ ကွာလာလမ်ပူမှာ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပါတယ်။

 “ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ်အစီခံချက်အရ ကူးစက်မှုနဲ့ လက်ရှိဖြစ်ပေါ်ကူးစက်နေတဲ့ ဖြစ်စဉ်တွေမှာ XBB 1.5 ထက် XBB 1.16 က ပိုမိုများပြားပါတယ်” လို့ ကျန်းမာရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့တာပါ။

ကိုဗစ်မျိုးကွဲ XBB 1.16 ကြောင့် ဖြစ်ပေါ်တဲ့ ပထမဆုံးကူးစက်မှုဖြစ်စဉ်ကို မလေးရှားနိုင်ငံအတွင်း မတ်လမှာ စမ်းသပ်တွေ့ရှိခဲ့တာဖြစ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်သလို အမျိုးသားကျန်းမာရေးဌာန တွေမှာ လည်း ဖိအားတစ်စုံတရာအောက်ကျရောက်ခဲ့ခြင်းမရှိဘူးလို့  ဒေါက်တာဇာလီဟာက ပြောပါတယ်။
ကိုဗစ်ပိုးအသစ် အာကျုရပ်စ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က Variant of Interest (စိုးရိမ်ရသောမျိုးကွဲဗီဇ) အဖြစ် ဧပြီလ ၁၇ ရက်နေ့က ကြေညာခဲ့တာပါ။

မလေးရှားနိုင်ငံအတွင်းရှိ ကိုဗစ်ပိုးအသစ် ကူးစက်မှုဖြစ်စဉ်မတိုင်ခင် ရှေ့သီတင်းပတ်တွေမှာတော့ အရင်ကိုဗစ် ကူးစက်ခံရသူ ၅၁၄၉ ဦးရှိခဲ့ရာမှ ၄၈၁၇ ဦးအထိ ကျဆင်းခဲ့တယ်လို့ ဒေါက်တာဇာလီဟာက ဆိုပါတယ်။

ဒီနေ့အထိ တိုးပွားလာတဲ့ ရောဂါကူးစက်မှု ၁၈,၃၁၉ ခုမှာတော့ စိုးရိမ်ရသောမျိုးကွဲတွေဖြစ်တဲ့ VOI တို့ ပါဝင်ပြီး အိုမီခရွန် ကိုဗစ်အမျိုးအစားကွဲကတော့ ရောဂါပိုးကူးစက်မှုနဲ့ပတ်သက်ပြီး အလွှမ်းမိုးဆုံးဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ရောဂါကူးစက်ခံရပါက Test – စမ်းသပ်ရန်၊ Report – သတင်းပို့ရန်၊ Inform – အသိပေးရန်၊ Isolate – သီးခြားထားရှိရန်နဲ့ Seek Medical Help – ဆေးဘက်ဆိုင်ရာအကူအညီရယူရန် အများပြည်သူတွေကို သတိပေးထားပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး အားဖြည့်အကြိမ်ရေ boost dose မရရှိသေးတဲ့သူတွေကို တတ်နိုင်သမျှ အမြန် ဆုံးလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။

Ref, THE STAR / ASIA NEWS NETWORK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.