ဟာရီကိန်း ဖီအိုနာကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေ
ဆွန်ဟွန်၊ စက်တင်ဘာ (၂၀) ဟာရီကိန်း ဖီအိုနာမုန်တိုင်းဟာ လေတိုက်နှုန်း တစ်နာရီ(၈၅) မိုင်နှုန်းနဲ့ တိုက်ခိုက်မှုကြောင့် ပူအာတိုရီကို တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုနဲ့ ကြုံတွေ့နေရပြီး ရေလွှမ်းမိုးမှုကပ်ဘေးလည်း ခံရနိုင်ဖွယ်ရှိနေကြောင်း ဆန်ဂျူအန်မိုးလေဝသဌာန က သတိပေးခဲ့ပါတယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်းဟာ ပွန်တာကိုကွန်အနီးမှာရှိတဲ့ ပွာတိုရီကိုရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းတစ်လျှောက် ကုန်း တွင်းပိုင်းကို ညနေသုံးနာရီ မိနစ်၂၀အချိန်က ဝင်ရောက်ခဲ့တာ…
