ရေးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အမည်စာရင်းအား ပြည်နယ်တရားလွှတ်တော်သို့ ပေးပို့ထား
ရေး ၊ စက်တင်ဘာ ၇ ရေးမြို့နယ်တရားရုံးတွင် ယခုနှစ် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်သည့် ဥပဒေဆိုင်ရာအထောက်အကူ ပေးရေးအဖွဲ့ ဖွဲ့စည်းရေးအစည်းအဝေးတွင် တက်ရောက်သူများက အဆိုပြုတင်ပြသည့် ဥက္ကဋ္ဌအပါအဝင် ၄ ဦးတို့၏အမည်စာရင်းအား ပြည်နယ်လွှတ်တော်သို့ ပေးပို့တင်ပြထားဆဲဖြစ်ကြောင်း ရေးမြို့နယ် တရားရုံးမှ တရားသူကြီး ဦးအောင်တင်ညွန့်က သံလွင်တိုင်းမ်သို့ ပြောကြားသည်။
