တောင်ဒဂုံ သပိတ်ပွဲက ဖမ်းဆီခံလိုက်ရတဲ့လူငယ်ရဲဘော် စစ်ကောင်စီတပ်သားတွေရဲ့ ညှင်းပန်းနှိပ်စက်မှုကြောင့် ကျဆုံးသွား
ရန်ကုန်- ဇူလိုင်(၃၁) တောင်ဒဂုံမြို့နယ်ဆန္ဒပြပွဲအပြန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦး ကျဆုံးသွားတယ်လို့ Yangon Drone က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံလိုက်ရတယ်ဆိုတဲ့ လူငယ်ဟာ ဇူလိုင်လ(၃၀) ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အမှန်တရားကို အမှားတစ်ရာ ဖမ်းထားသည်ဆိုတဲ့ ဆန္ဒပြပွဲမှာ ဂျပန်နိုင်ငံသားနဲ့ အတူဖမ်းဆီးခံထားရတာပါ။ “ကျဆုံးသွားတာ ၈၀% လောက်သေချာပါတယ်။ ခေါင်းတွေကိုသေနတ်ဒင်တွေနဲ့ရိုက် ခြေတွေ နဲ့ကန် ကြတာ…
