သတင်း

တိုင်ကြားစာပေးလိုသူများပြားခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွား (ရုပ်သံမှတ်တမ်း)

မော်လမြိုင်၊ ဒီဇင်ဘာ ၁၄ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ မွန်ပြည်နယ်ခရီးစဉ်အတွင်း တိုင်ကြားစာများ တိုက်ရိုက်ပေးအပ်ရန်စောင့်ဆိုင်းနေသူများ အများအပြားရှိခဲ့ပြီး လက်ခံသူမရှိသဖြင့် အနည်းငယ်ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တိုင်ကြားစာများကို လက်ခံခဲ့သည်။ နိုင်ငံတော်သမ္မတထံတိုင်ကြားစာပေးပို့လိုသည့် ပြည်သူများက သမ္မတနှင့် ဌာနဆိုင်ရာများဆွေးနွေးပွဲကျင်းပရာ ပြည်နယ်ခန်းမရှေ့တွင် စောင့်ဆိုင်းနေပြီး တိုင်စာပေးပို့ရန် ကြိုးစားခဲ့ကြခြင်းလည်းဖြစ်သည်။ တိုင်ကြားစာအများစုမှာ မြေယာပြသနာများဖြစ်ကြပြီး တိုင်စာ (၇၇)စောင်ကို လက်ခံရရှိခဲ့သည်ဟု အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။ တိုင်ကြားစာပေးသူများနည်းတူ ဒေသတွင်းကရင်တိုင်းရင်းသားများ၏…

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ပြည်သူလူထုကိုပစ်မှတ်ထားသောမိုင်းထောင်သည့်ပုံစံလို့ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌပြော

မော်လမြိုင်၊ ဒီဇင်ဘာ ၁၃ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များမှာ ပြည်သူလူထုကိုပစ်မှတ်ထားသောမိုင်းထောင်သည့်ပုံစံလို့ယူဆရကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌဒေါက်တာအောင်နိုင်ဦးက ပြောသည်။ အလယ်စခန်းကျေးရွာအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုများမှာ ယခုနှစ်အောက်တိုဘာလတွင် နှစ်ကြိမ် ၊ နိုဝင်ဘာလတွင် နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး ပြည်သူသုံးဦးနှင့် မွန်ပြည်သစ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ခဲ့သည်။ “ အောက်တိုဘာမှာဖြစ်တဲ့ နှစ်ကြိမ်လုံးခြေထောက်ဖြတ်လိုက်ရတယ်။ နိုဝင်ဘာမှာဖြစ်တဲ့ ပထမခေါက်က လူတော့ဘာမှမဖြစ်သွားဘူး။ ဒုတိယအခေါက်က ခြေထောက်တော့မဖြတ်လိုက်ရဘူး။ ခြေဆစ်အရိုးတွေအများကြီး…

ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုအများဆုံးမြို့နယ်ဖြစ်ဟု လူ့အခွင့်အရေးဆိုင်ရာအစီရင်ခံစာတစ်ခုက ဖော်ပြ

မော်လမြိုင်၊ ဒီဇင်ဘာ ၁၁ မွန်ပြည်နယ်တွင် ကျိုက်မရောမြို့နယ်နှင့် ရေးမြို့နယ်တို့၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှုမှာ အများဆုံးဖြစ်ပေါ်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်းမှထုတ်ဝေသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ပွားလေ့ရှိသည့် ပေါင်မြို့နယ်၊ကျိုက်မရောမြို့နယ် ၊ ချောင်းဆုံမြို့နယ် ၊မုဒုံမြို့နယ် ၊ သံဖြူဇရပ်မြိုကနယ် ၊ ရေးမြို့နယ် တို့တွင် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်မှ စစ်တမ်းကောက်ယူခဲ့ခြင်း ဖြစ်သည်။ လူ့အခွင့်အရးအများဆုံးချိုးဖောက်ခံရသည့် ကိစ္စရပ်များမှာ မြေယာပြဿနာ ၊ လိင်အကြမ်းဖက်ခံရမှု…

ယာဉ်မတော်တဆမှုကြောင့် တစ်နေ့လျှင် တစ်ဦးနှုန်း သေဆုံးမှုရှိနေ

မွန်ပြည်နယ်တွင် ယာဉ်မတော်တဆဖြစ်မှုကြောင့် တစ်ရက်လျှင် တစ်ဦးနှုန်းသေဆုံးနေသည်။ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၉၁၅)မှု၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း စာရင်းတွင် ယာဉ်အန္တရာယ်ဖြစ်ပွားမှု (၇၀၉) မှုရှိခဲ့သည်။ ယာဉ်အန္တရာယ်ဖြစ်ပွားမှုအများဆုံးဖြစ်စေသည့် ယာဉ်မှာ ဆိုင်ကယ်ဖြစ်ပြီး ကားကြောင့် ယာဉ်မတော်တဆဖြစ်မှုမှာ ဒုတိယအများဆုံးဖြစ်ပွားလျှက်ရှိနေသည်။ ဘာကြောင့် မွန်ပြည်နယ်မှာ ယာဉ်မတော်တဆမှုဖြစ်ပွားမှုမြင့်တက်နေသလဲ။ သံလွင်တိုင်းမ်သတင်းထောက် နောင်ခန့်က…

ပြည်နယ်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် တရားမျှတမှုမရှိသောကြောင့်ဟုဆိုကာ ဆန္ဒထုတ်ဖော်

မော်လမြိုင်၊ အောက်တိုဘာ ၁၆ ပြည်နယ်တရားရုံး၏ဆုံးဖြတ်ချက်သည် တရားမျှတမှုမရှိတာကြောင့် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ သုဓမ္မဝတီသီလရှင်စာသင်တိုက် သာသာနာမြေဆုံးရှုံးခဲ့ရသည့်အတွက် ဒေသခံပြည်သူများနှင့်သံဃာတော်များက မွန်ပြည်နယ်တရားရုံးကို ယနေ့(၁၂)နာရီတွင် မော်လမြိုင်မြို့မှာ ဆန္ဒပြခဲ့ကြပါသည်။ နှစ်ဦးနှစ်ဖက်အငြင်းပွားလျက်ရှိသည့် သာသနာမြေပိုင်ဆိုင်မှုပြသာနာနဲ့ပတ်သက်ပြီး ပြည်နယ်တရားရုံးအနေနဲ့ ဒေသခံများကိုခေါ်ယူစစ်ဆေးခြင်းမပြုလုပ်ဘဲ အမှုကိုပလတ်လိုက်သည့်အတွက် ဒေသခံများကဆန္ဒပြရခြင်းဖြစ်တယ်လို့ ဦးဆောင်သူ ဦးဝင်းနိုင်ကပြောသည်။ “ကျွန်တော်တို့ကိုတစ်ကြိမ်တစ်ခါမှမခေါ်ဘူး။ တစ်ခါမှလဲမစစ်ဆေးပဲနဲ့ဒီအမှုကို ပလတ်လိုက်တယ်။ ကျွန်တော်တို့ကိုခေါ်ယူစစ်ဆေးပြီး ဒါကမဟုတ်ပါဘူးဆိုရင်လက်ခံတယ်။ ခုဟာက တရားသူကြီး ဖြူလား…

မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိ

မော်လမြိုင်၊ စက်တင်ဘာ ၂၅ မွန်ပြည်နယ်တွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့်လိုင်စင် လျှောက်ထားသူ ၁၀၃ ဦး ရှိကြောင်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(သတ္တမနေ့)၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းနိုင်ဦးက ပြောသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် သက်တမ်းတိုးလျှောက်ထားသူ ၈၉ ဦး၊…

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ

မြို့ဝင်ကြေးဂိတ်ဂယက်နှင့် ပြည်နယ်အစိုးရဖြေရှင်းရမယ့် ပုစ္ဆာ ++++++++++++++++++++++++++++++++++++++++++ မဲခွဲမှုရှုံးနိမ့်ခဲ့ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကျော်သူ တင်သွင်းသည့် မွန်ပြည်နယ်ရှိ မြို့ဝင်ကြေးကောက်ခံနေသည့် ဂိတ်စခန်းများ ရုပ်သိမ်းပေးရန် တိုက်တွန်းကြောင်းအဆိုကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ ဆွေးနွေးခဲ့ပြီး ထောက်ခံသူနှင့် ကန့်ကွက်သူများ ရှိနေသဖြင့် မဲခွဲဆုံးဖြတ်ရာ အဆိုထောက်ခံသူ (၁၀)မဲ၊ ကန့်ကွက်သူ (၁၆)မဲရှိခဲ့သဖြင့်…

မြို့နယ်ပြင်ပတွင် ခွင့်ပြုချက်မရှိနေထိုင်လျက်ရှိသော နိုင်ငံခြားသားများကို စစ်ဆေးအရေးယူမည်

ရေး ၊ စက်တင်ဘာ ရေးမြို့ပေါ်မှအပ မြို့နယ်ပြင်ပကျေးရွာများတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ နေထိုင်လျက်ရှိသော နိုင်ငံခြားသားများအား စစ်ဆေးအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ရေးမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးခိုင်က ပြောကြားသည်။ စက်တင်ဘာလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းအတွင်း နိုင်ငံခြားသားများလုပ်ကိုင်လျက်ရှိသော ကုမ္ပဏီများအားတွေ့ဆုံစဉ် ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။ ဦးမျိုးခိုင်က ” နိုင်ငံတော်သမ္မတရုံးရဲ့ညွှန်ကြားချက်အရ ရေးမြို့ပေါ်ကို နိုင်ငံခြားသားများကိုခွင့်ပြုထားတယ်၊ မြို့ပြင်ကိုသွားမယ်ဆိုရင်တော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ခွင့်ပြချက်လိုအပ်မှာပါ၊ ခွင့်ပြုချက်မရှိဘူးလို့…

အတ္တရံမြစ်အရှေ့နှင့် အနောက်ကိုဆက်သည့် အတ္တရံမြစ်ကူးတံတားကို (၂)နှစ်အတွင်းအပြီးတည်ဆောက်မည်

မော်လမြိုင်၊ စက်တင်ဘာ ၁၃ ကျိုက်မရောမြို့နယ်တွင် အတ္တရံမြစ်ကိုဖြတ်၍ အရှေ့ဘက် ကမ်းနှင့် အနောက်ဘက်ကမ်းကိုဆက်ပေးမည့် အတ္တရံမြစ်ကူး(စံပယ်ဂူ) တံတားကို ပြည်နယ်ဘက်ဂျက်နှင့် ပြည်ထောင်စုဘက်ဂျက်တို့ ပူးပေါင်း၍ (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဒေါက်တာအေးဇံက ပြောသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အဆိုပါ တံတားကို ပြည်ထောင်စုမှ ဆောက်လုပ်ပေးရမှာဖြစ်သော်လည်း ပြည်ထောင်စု အနေနဲ့ တံတားကိုဆောက်လုပ်ပေးမည်ဆိုပါက ယခုရရှိမယ့်ဘက်ဂျက်အနေနဲ့ မဖြစ်နိုင်သေးတာကြောင့် ပြည်နယ်ဘက်ဂျက်နဲ့ ပူးပေါင်းဆောက်လုပ်ရကြောင်း ဝန်ကြီးချုပ်…

မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်ဖျက်သိမ်းပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း

မော်လမြိုင်၊ စက်တင်ဘာ ၁၂ မွန်ပြည်နယ်မှာ မြို့ဝင်ကြေးကောက်ခံနေတဲ့ဂိတ်စခန်းတွေကို ဖျက်သိမ်းပေးဖို့အတွက် ဒီကနေ့ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တေ်ာအစည်းအဝေးမှာ သထုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အဆိုတင်သွင်းခဲ့သည်။ “မြို့ဝင်ကြေးဂိတ်တွေကြောင့် ခရီးသွားပြည်သူတွေ စိတ်အနှောင့်ယှက်ဖြစ်ရတဲ့အတွက် ဖျက်သိမ်းသင့် တယ်လို့“ ဦးအောင်ကျော်သူက ပြောသည်။ မြို့ဝင်ကြေးကောက်ခံရရှိတဲ့အခွန်အခတွေကနေ ရပ်ရွာဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်ပေးနေသော်လည်း ခရီးသွားပြည်သူတွေရဲ့စိတ်ချမ်းသာမှုကို ဦးစားပေးရွေးချယ်သင့်တာကြောင့် မြို့ဝင်ကြေးဂိတ်ဖျက်သိမ်းရန် အဆိုကို ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်…