သတင်း

ကျောင်းသားတွေရဲ့ အချက်အလက်ပေါက်ကြားပြီးနောက် FOEIM ကျောင်းကိုပိတ်သိမ်း

မော်လမြိုင် – မတ်(၂) အာဏာသိမ်းခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ မြေပြင်နဲ့ အွန်လိုင်း စာသင်ကျောင်းတွေထဲက နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်တဲ့ Free Online Education Institution Myanmar (FOEIM) ကို မတ်လ(၁) ရက်နေ့ကစတင်ပိတ်သိမ်းလိုက်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။ FOEIM ကျောင်းမှ ကျောင်းသား/ကျောင်းသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အပြင်ကို ပေါက်ကြားလာတာပါ။…

“တကယ့်အနှစ်သာရဖြစ်တဲ့ တည်ငြိမ်အေးချမ်းမှုလည်း မရှိဘူး။ တရားဥပဒေစိုးမိုးမှုလည်း မရှိဘူး။ တရားရုံး တွေ လွတ်လပ်စွာ တရားစီရင်ခွင့်မရှိဘူး။ ဒီအနှစ်သာရတွေ အပိုင်းကတော့ အများကြီးပျောက်ဆုံး သွားတယ် လို့ ပြောလို့ရပါတယ်”

ဥပဒေပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်။ စစ်ကောင်စီလက်ထက်မှာ ရန်ကုန်မြို့ကြီးအပါအဝင် ကျန်တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေ့ခင်းကြောင်တောင် နေအိမ်နဲ့ဆိုင် ခန်းတွေ ဖောက်ထွင်းခံရတာ၊ ဘဏ်ဓါးပြတိုက်ခံရတာ၊ လမ်းမပေါ်သွားလာသူတွေလည်း ပစ္စည်း လု၊ သတ်ဖြတ်ခံရမှုတွေ ဆက်တိုက် ဖြစ်ပေါ်လာတဲ့အထိ တရားဥပဒေ စိုးမိုးရေးဆုံးရှုံးလာသလို ပြည်သူ့ဘဝ မလုံခြုံပြဿနာကလည်း တဆထက်၊တစ်ဆ ကြီးထွားလာပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်ထက်မှာ ဖြစ်ပေါ်နေတဲ့ တရားဥပဒေစိုးမိုးရေး အခြေအနေ၊ တရားစီရင်ရေး မဏ္ဍိုင်အပေါ်…

နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မယ်လို့ ပြည်သူ့ပါတီကြေညာ

ရန်ကုန်၊ မတ်(၂) ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ ပါဝင်ခဲ့တဲ့ ၈၈ မျိုးဆက် ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီက အကြမ်းမ ဖက်နိုင်ငံရေးနည်းလမ်းကို ခိုင်မာစွာယုံကြည်သက်ဝင်လျက် နိုင်ငံရေးပါတီအဖြစ် ဆက် လက်ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ပါတီရဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ စုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့တို့မှာ ကျင်းပခဲ့ပြီး ဒီကနေ့အချိန်မှာ…

စစ်အာဏာသိမ်း (၇၅၉) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၇၃ဦးအထိရှိလာ

မော်လမြိုင်၊ မတ်(၂) AAPP ရဲ့ မတ်(၁)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၉)ရက်အတွင်း ပြည်သူ (၃၀၇၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၉၅၄ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၇၃) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ…

မွန်ပြည်နယ်က လက်နက်ကိုင်ခွင့်လျှောက်ထားမှုမှာ စီးပွားရေးလုပ်ငန်းရှင်တွေပါဝင်လာ

မော်လမြိုင်၊ မတ်(၂) လူတစ်ဦး သေနတ်သုံးလက်အထိ ခွင့်ပြုပေးထားတဲ့ လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားမှုမှာ မွန်ပြည်နယ်အတွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ ပါဝင်လာတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ကောင်စီအရာရှိတွေထံကနေ သိရပါတယ်။ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်ကို အရပ်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်သားတွေ လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပြီးနောက် အခုလိုလျှောက်ထားလာတာ ဖြစ်ပါတယ်။ လက်နက်ကိုင်ဆောင်ခွင့်လျှောက်ထားမှုမှာ စစ်မှုထမ်းဟောင်းတွေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့…

ဒီမိုကရေစီသင်ကြားမှုဟာ စစ်ကောင်စီအတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်

နေရန်ကုန်၊ မတ်(၂) ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ ဒီမိုကရေစီထည့်သွင်းသင်ကြားမှုအပေါ် တားမြစ်တာဟာ ကျောင်း သားတွေ ဒီမိုကရေစီစံနှုန်းသိရှိနေတာက စစ်ကောင်စီအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပညာရေးအသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီယဉ်ကျေးမှု ထည့်သွင်းသင်ကြားနေတဲ့အတွက် ကိုယ်ပိုင်ကျောင်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်း၊ဥပဒေတွေကို ထုတ်ပြန်ဖို့ ကရင်ပြည်နယ်၊ခရိုင်ပညာရေးမှူးတွေအားလုံးကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က အကြောင်းကြားစာ ညွှန်ကြားခဲ့တာပါ။ အဲဒီညွှန်ကြားချက်မှာ ပုဂ္ဂလိက…

ဒုံသမိတံတားက စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခု တိုက်ခိုက်ခံရ

သထုံ၊ မတ်(၂) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်စု၊ ဒုံသမိတံတားရှိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ဘက်ခြမ်းမှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ် ၂ ခုကို ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီစစ်ကောင်စီ စစ်ဆေးရေးဂိတ် ၂ ခုကို ဒီနေ့ မတ်လ မနက် ၁၁ နာရီလောက်မှာ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် KNLA…

မော်လမြိုင်မြို့ပေါ်မှာ ရဲတပ်ဖွဲ့က လူငယ်တွေကိုဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်နေ

မော်လမြိုင်၊ မတ်(၂) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက လူငယ်တွေကို ညပိုင်းအချိန်တွေမှာ မတရားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မော်လမြိုင်မြို့မှာ ညမထွက်ရအမိန့်ကို ည(၁၂)နာရီကနေ မနက် (၄)နာရီအထိ သတ်မှတ်ထားပေမယ့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေက ည(၁၁)နာရီ ဝန်းကျင်မှ စတင်ပြီး လမ်းမပေါ်နဲ့ မိမိတို့ နေအိမ်အနီးပတ်ဝန်းကျင်အပြင်မှာ ရှိနေတဲ့…