လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်လာလို့ ပြည်သူတွေ ပိုမိုဒုက္ခကြုံလာရ
ရန်ကုန် ၊ ဧပြီ (၂၂) တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုအောက်မှာ ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်း လျှပ်စစ် မီးဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးစွာပြတ်တောက်လာတာကြောင့် လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ ပိုမိုဒုက္ခကြုံလာရတယ်လို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက နေရာအနှံ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီးဟာနာရီနဲ့ချီ ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။ လျှပ်စစ်မီးဟာ…
