KNU နယ်မြေက စစ်ရှောင်အမျိုးသမီးနဲ့ ကလေးငယ်တွေ ငှက်ဖျားရောဂါခံစားနေရ
ညောင်လေးပင်၊ ဇူလိုင်(၇) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ငှက်ဖျားရောဂါခံစားနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်အမျိုးသမီးအစည်းအရုံး KWO က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ မိုးတွင်းကာလကျရောက်လာတဲ့အတွက် စားနပ်ရိက္ခာနဲ့ ကျန်းမာရေးပြုစုကုသမှု အလုံအလောက်မရရှိကြသလို ငှက်ဖျားရောဂါကိုပါ ခံစားနေရပါတယ်။ ငှက်ဖျားရောဂါတွေကိုတော့ KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင်၊ KNU တပ်မဟာ(၅)…
