သတင်း

စစ်အာဏာသိမ်း (၉၄၀)ရက်အတွင်း သတ်ဖြတ်ခံရသူ ၄၀၁၃ဦးအထိရှိလာ

မော်လမြိုင်၊ သြဂုတ်(၃၀) AAPP ရဲ့ သြဂုတ်(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၉၄၀)ရက်အတွင်း ပြည်သူ (၄၀၁၃)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၄၄၇၃ဦးရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၅၁၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀)…

မွန်ပြည်နယ် ဆေးဈေးကွက်မှာ ဆေးဝါးပစ္စည်းအများစု ပြတ်လပ်မှုဖြစ်နေ

မော်လမြိုင်၊ သြဂုတ်(၃၀) မွန်ပြည်နယ် ဆေးဈေးကွက်မှာ နိုင်ငံခြားကနေတင်သွင်းနေရတဲ့ ဆေးဈေးနှုန်းတွေ အဆမတန်မြင့်တက်လာပြီးနောက် ဆေးဝါးပစ္စည်းအများစု ပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဆေးဆိုင်လုပ်ငန်းရှင်တွေနဲ့ ဆရာဝန်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နိုင်ငံခြားကနေ တင်းသွင်းနေရတဲ့ ဆေးဝါးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုကြောင့် ဒေါ်လာဈေးနှုန်း မြင့်တက်လာတာ၊ ဆေးဝါးတင်သွင်းခွင့် အခက်အခဲတွေကြောင့် ဈေးနှုန်းအဆမတန် မြင့်တက်လာပြီးနောက် ပစ္စည်းပြတ်လပ်တဲ့အထိ ဖြစ်ပေါ်လာတာပါ။ ဆေးဝါးပစ္စည်းတွေဟာ သြဂုတ်လအတွင်း…

ရေးတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇ ဦး သေဆုံးတယ်လို့ ပူးပေါင်းတပ်ဖွဲ့ပြော

ရေး၊ သြဂုတ်(၃၀) မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ကျေးရွာနဲ့ သံကတိုက်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းတိုင်း အမှတ် ၃ စစ်ဒေသခွဲက သြဂုတ် ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ သြဂုတ် ၂၈ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ တပ်အင်အား ၁၅၀ နီးပါးပါတဲ့…

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းကြဖို့ နိုင်ဟံသာတိုက်တွန်း

ရေး၊ သြဂုတ်(၃၀) မွန်ပြည်သစ်ပါတီ လက်အောက်ခံ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်တစ်မျိုးသားလုံး ဝိုင်းဝန်းကြိုးပမ်း ထိန်းသိမ်းဆောင်ရွက်သွားကြဖို့ ပါတီဥက္ကဌ နိုင်ဟံသာက တိုက်တွန်းလိုက်ပါတယ်။ ဩဂုတ် ၂၉ ရက်နေ့မှာ ကျရောက်တဲ့ မွန်တိုင်းရင်းသားတွေရဲ့ ဝါရင့်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဖွဲ့စည်းတည်ထောင်ခြင်း ၅၂ နှစ်ပြည့်အတွက် နိုင်ဟံသာပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။ နိုင်ဟံသာက ‘နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက…

သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ပိန္နဲတောတပ်စခန်း တိုက်ခိုက်ခံရ

သထုံ၊ သြဂုတ်(၃၀) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း ဒရုန်းနဲ့နှစ်ကြိမ်တိုင် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ကနေ သိရပါတယ်။ စစ်ကောင်စီ ပိန္နဲတောတပ်စခန်းကို သြဂုတ်၂၈ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ဗုံး၉လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုအတွင်း ဗုံးသီးတွေဟာ ပိန္နဲတောတပ်စခန်းရှိ ဗဟိုကင်း၊…

ကော့ကရိတ်မှာ အရပ်ဝတ်နဲ့ သွားလာနေတဲ့ စစ်ကောင်စီဗိုလ်ကြီး(၁)ဦးကို PDF ဖမ်းဆီး

ကော့ကရိတ် – ဩဂုတ်(၂၉) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှာ အရပ်ဝတ်နဲ့ ဖြတ်သန်းသွားလာနေတဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ထောက်ဗိုလ်ကြီး(၁)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ Justice Soldier PDF က ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့က ကျားဖြူစစ်ကြောင်းထိန်းချုပ်နယ်မြေတစ်ခုကို ဖြတ်သန်းသွားလာနေစဉ် မသင်္ကာလို့ စစ်ဆေးမေးမြန်းချိန်မှာ ဗိုလ်ကြီး ရဲမင်းထွန်းဆိုသူဖြစ်တဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ဆိုထားပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ဖမ်းဆီးရမိခဲ့သူဟာ…

ပေါင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးပစ်ခတ်ခံရ

ပေါင် – ဩဂုတ်(၂၉) မွန်ပြည်နယ်၊ပေါင်မြို့နယ် ရင်းငြိမ်းမြောက်ကျေးရွာ ဘောလုံးကွင်းအနီး ရန်ကုန်-မော်လမြိုင် လမ်းပေါ်မှာ သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့ ညနေပိုင်းက သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း ဆိုသူဟာ နေအိမ်ကနေ ရင်းငြိမ်းမြောက်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားနေချိန်မှာ အနီးကပ် ပစ်ခတ်ခံခဲ့ရတာပါ။ “ဆိုင်ကယ်နဲ့ လိုက်ပစ်တာလို့တော့ သိရတယ်။သူကကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တာလဲ မကြာသေးဘူး။”လို့…

ဖူကူရှီးမားရေဆိုးထုတ်လွှတ်မှုနဲ့ပတ်သက်ပြီး တရုတ်ရဲ့ခြိမ်းခြောက်ဖုန်းခေါ်ဆိုမှုတွေကို ဂျပန်အစိုးရ ထုတ်ပြန်

တိုကျို၊ သြဂုတ်(၃၀) ဖူကူရှီးမားရေဆိုးထုတ်လွှတ်ပြီးနောက်မှာ တရုတ်နိုင်ငံကလို့ ထင်မြင်ယူဆရတဲ့ စိတ်ပျက်စရာကောင်းပြီး ခြိမ်းခြောက်ပြောဆိုတဲ့ ဖုန်းခေါ်ဆိုမှုတွေကို အကြိမ်ပေါင်းများစွာ လက်ခံရရှိခဲ့တယ်လို့ ဂျပန်အစိုးရက ပြောကြားခဲ့ပါတယ်။ တိုကျိုက တရုတ်သံရုံးဘက်ကလည်း ဂျပန်အစိုးရထံကနေ အဖျက်အမှောင့် ဖုန်းကောတွေ လက်ခံရရှိခဲ့ တယ်လို့ တုံ့ပြန် ပြောကြားခဲ့ပြန်ပါတယ်။ “တရုတ်နိုင်ငံဘက်ကလာတဲ့ မြောက်များစွာသော ခြိမ်းခြောက်တဲ့ ဖုန်းကောတွေကို ဂျပန်က လက်ခံရရှိ ထားပါတယ်။ သက်ဆိုင်ရာ ဌာနတွေအနေနဲ့လည်း…