Covid 19

အစိုးရရဲ့ ကိုဗစ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို မွန်လွှတ်တော် လေ့လာစိစစ်သွားမည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၇ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းမှာ အားနည်းမှုတွေရှိနေတဲ့ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အမြန်ဆုံး လေ့လာစိစစ်ပြီး အစီရင်ခံစာတင်ပြသွားဖို့ မွန်ပြည်နယ်လွှတ်တော်က ဆောင်ရွက်နေပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားမှုဟာ ဆက်တိုက်မြင့်တက်ခဲ့ပြီး ကူးစက်ခံရသူ (၂၀၀၀)နီးပါး ရှိခဲ့ပြီး ဖြစ်ပါတယ်။ အစိုးရအဖွဲ့ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်တွေမှာတော့ အားနည်းချက်တွေ ရှိနေတယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် အစိုးရအဖွဲ့ရဲ့…

အင်ဒိုနီးရှားအစိုးရက COVID-19 ကာကွယ်ဆေးကို ပြည်သူများအား အခမဲ့ပေးမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) အင်ဒိုနီးရှားနိုင်ငံမှာ ပထမဦးဆုံးအနေဖြင့် COVID-19 ကာကွယ်ဆေးထိုးနှံခြင်းခံရသူမှာ သမ္မတဂျိုကို ဝီဒိုဒို ဖြစ် လာမှာ ဖြစ်ပြီး ကျန်ရှိသော အင်ဒိုနီးရှားနိုင်ငံသားများအားလုံးအတွက်လည်း ကာကွယ်ဆေးကို အခမဲ့ ပေးသွားမှာ ဖြစ်တယ်လို့ (ဒီဇင်ဘာ ၁၆ ရက်) ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်ပါတယ်။ “ကျွန်တော်အလေးထားပြီး နောက်ထပ်တစ်ကြိမ်ပြောချင်တာက ကျွန်တော်ဟာ ကာကွယ်ဆေးကို ပထမဆုံး အဖြစ်…

ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်ခွင့် ကန့်သတ်ထားလို့ ရာဘာလုပ်သား ရှားပါးနေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၇) ကိုဗစ်ကာလ နယ်မြေဖြတ်ကျော်သွားလာခွင့် အခက်အခဲတွေကြောင့် မွန်ပြည်နယ်က ရာဘာလုပ်ငန်းတွေမှာ အလုပ်သမား ရှားပါးမှု ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ မွန်ပြည်နယ်မှာတော့ ရာဘာစိုက်ဧက (၅)သိန်းကျော်ရှိပြီး နှစ်စဉ် ရာဘာတန်ချိန် (၁)သိန်းကျော်ကို ထုတ်လုပ်နေတာပါ။ ရာဘာလုပ်သားတွေအနေနဲ့ လာရောက်လုပ်ကိုင်သူ အများစုကတော့ ဧရာဝတီတိုင်းက ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။ အခုအခါမှာတော့ ရာဘာရာသီရောက်နေပြီးဖြစ်ပေမယ့် ရွှေ့ပြောင်းလုပ်သားတွေ မလာနိုင်တဲ့အတွက်…

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တဲ့ ဗြိတိန်လူမျိုး ၆ လသား ကလေးငယ် COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) ထိုင်းနိုင်ငံအတွင်း COVID-19 အသစ်ဖြစ်ပေါ်ကူးစက်မှုဟာ ၉ ဦးထိရှိလာခဲ့ပြီး ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အားလုံးက ကွာရန်တင်း ဝင်နေကြတဲ့ နိုင်ငံခြားသားများဖြစ်ပြီး ပြည်ပနိုင်ငံ ၇ နိုင်ငံမှ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရောဂါပြန့်ပွားကူးစက်ချိန်မှ ယနေ့အထိ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရတဲ့ လူနာပေါင်း ၄၂၄၆ ဦးခန့်ရှိပြီး သေဆုံးလူနာ…

ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျခဲ့တဲ့ သထုံမြို့မှာ စျေးတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပေး

မော်လမြိုင်၊ ဒီဇင်ဘာ ၁၅ ကိုဗစ်-၁၉ ကူးစက်မှုလျော့ကျခဲ့တဲ့ သထုံမြို့နယ်အတွင်းက သုဝဏ္ဏဈေး နှင့် မြို့မဈေးကို ကျန်းမာရေးညွှန်ကြားချက်တွေနှင့် အညီ ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပြီးလို့ မွန်ပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ သထုံမြို့မစျေးကနေတစ်ဆင့် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ တွေ့ရှိခဲ့တာကြောင့် စျေးတွေကို ပိတ်သိမ်းခဲ့တာပါ။ အခုအခါမှာတော့ ကိုဗစ်-၁၉ ကူးစက်မှု လျော့ကျလာတာနဲ့အတူ…

မွန်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၀)ဦး အထိရှိလာ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၅) မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်း (၁၀) ဦး ရှိလာပြီးလို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဇင်ဘာလ (၁၄ )ရက်နေ့ ညပိုင်းစာရင်းတွေအရ မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ( ၁၈၀၀)ကျော်ရှိပြီး ဖြစ်ပါတယ်။ နိုဝင်ဘာလကစပြီး ဒီဇင်ဘာလလယ်ပိုင်းအထိ မော်လမြိုင် ၊ ကျိုက်ထိုနဲ့…

ရက်ပိုင်းအတွင်း နေအိမ် (၁၃၀) နီးပါးကို (၁၄)ရက် အသွားအလာကန့်သတ်ထား

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၄) ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ အိမ်ခြေ ၁၃၀ နီးပါးကို နေအိမ်တွေမှာ ၁၄ ရက် အသွားအလာကန့်သတ်ထားတယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ နိုဝင်ဘာလအတွင်းကစပြီး အနံ့မရတော့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို ရာနဲ့ချီ တွေ့ရှိခဲ့တာပါ။ အခုလို ကိုဗစ်-၁၉ ကူးစက်ခံရမှု ဆက်တိုက်မြင့်တက်လာပြီးနောက် အတည်ပြု…