နိုင်ငံတကာ

အိန္ဒိယမှာ ရထားနှစ်စင်းတိုက်မှုဖြစ်ပြီး လူ(၂၀၀) ကျော်သေဆုံး

နယူးဒေလီ – ဇွန်(၄) အိန္ဒိယနိုင်ငံ အိုဒီရှာ ပြည်နယ်မှာ ရထားနှစ်စင်း တိုက်မိခဲ့ပြီး အနည်းဆုံးလူ (၂၃၃) ဦးသေဆုံးကာ (၉၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရာစုနှစ်တစ်ခုကျော်အတွင်း နိုင်ငံမှာ သေဆုံးမှု အများဆုံး ရထားမတော်တဆမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ ဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုကြောင့် သေဆုံးမှုတွေဟာ မျှော်မှန်းထား တာထက် ပိုမိုမြင့်တက်လာနေတယ်လို့လည်း ပြည်နယ်အကြီးအကဲက…

တီယန်မင်ပြတိုက်သစ်ကို နှစ်ပတ်လည်နေ့မတိုင်ခင် နယူးယောက်မှာ ဖွင့်လှစ်ခဲ့

နယူးယောက်၊ ဇွန်(၃) တီယန်မင်ရင်ပြင်တစ်ဝိုက်ရှိ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ဖြိုခွင်းခဲ့မှု (၃၄) နှစ် မြောက်နှစ်ပတ်လည်နေ့မတိုင်မီမှာ ပြတိုက်အသစ်ကို ဇွန်လ (၂) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြောင်း ပြပွဲစီစဉ်သူ တွေက ပြောပါတယ်။ ဟောင်ကောင်ရှိ အလားတူပြတိုက်တစ်ခုကို အာဏာပိုင်တွေရဲ့ အလားတူဖိအားပေးမှုအောက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပိတ်သိမ်းခဲ့ရတာပါ။ နယူးယောက်ရှိ ဇွန် (၄) ရက်နေ့အထိမ်းအမှတ်ပြတိုက်ကတော့…

မဏိပူရ် ပြည်နယ်ထိတွေ့တိုက်ပွဲတွေမှာ စစ်သွေးကြွ (၃၀) လောက်သေဆုံးတယ်လို့ ပြော

မဏိပူရ – ဇွန်(၃) အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် မဏိပူရ်ပြည်နယ်မှာ တိုင်းရင်းသားအချင်းချင်းထိတွေ့တိုက်ပွဲ တွေရဲ့ နောက်ဆက်တွဲအဖြစ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတစ်ခုမှာ မျိုးနွယ်စု စစ်သွေး ကြွ (၃၀) ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ အဲဒီပြည်နယ်မှာ မကြာသေးခင်က တင်းမာမှုတွေမြင့်တက်လာပြီး နောက်ဆူပူမှုတွေနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အနည်းဆုံးလူ (၆၀) လောက်သေဆုံးခဲ့ပြီး (၃၅၀၀၀) နီးပါး ရွှေ့ပြောင်းခဲ့ရတာပါ။…

ဟေတီ အကျဉ်းထောင်တွေက လူမဆန်မှုတွေကို လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်

ပေါ့တ်အော်ရ်ပရင့်စ် – ဇွန်(၃) ဟေတီရဲစခန်းတွေက လူပြည့်ကျပ်နေတဲ့ အကျဉ်းခန်းတွေမှာ အကျဉ်းသားတွေအပေါ် လူမဆန်မှု နဲ့ သိက္ခာ ကျဆင်းစေတဲ့ အခြေအနေမှာ အပြစ်ဒဏ်ကျခံနေရပြီး ရဲတပ်ဖွဲ့ ဟာ မလုံခြုံမှုနဲ့ လျော့ရဲနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြားက ယာယီအကျဉ်ထောင်တွေကို မှီခို နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ Port-au-Prince ရဲတပ်ဖွဲ့ ကော်မရှင်ရုံးမှာ အကျဉ်းသား (၉၂) ဦးကို…

မြောက်ကိုရီးယားကိုရင်ဆိုင်ဖို့ အမေရိကန်နဲ့ ပိုမိုနီးစပ်တဲ့ ပူးပေါင်းဆောင်ရွက်မှု လိုချင်ကြောင်း ဂျပန်ပြော

တိုကျို၊ ဇွန်(၂) မြောက်ကိုရီးယားဘက် ပဲ့ထိန်းဒုံးလွှတ်တင်ရေးအစီအစဉ်တွေကို ကြေငြာပြီးနောက် ဂျပန်နိုင်ငံဟာ ဝါရှင် တန်အစိုးရ၊ တောင်ကိုရီးယားတို့နဲ့ ပိုမိုနက်ရှိုင်းတဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကို လိုလားနေကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ ဇွန်လ(၁)ရက်နေ့က တိုကျိုမြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ရပ်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးက “ မြောက်ကိုရီးယားဘက်က ဖြစ်နိုင်ချေရှိတဲ့ အမြှောက်ပစ်လွှတ်ရေး အစီအစဉ်ကို ကြေငြာပြီးဖြစ်တာကြောင့်…

မော်လ်ဒိုဗာမှာ ကျင်းပတဲ့ ဥရောပထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ တက်ရောက်

ချီဆီနော – ဇွန်(၂)ယူကရိန်းသမ္မတ ဇယ်လန်းစကီးဟာ ဥရောပနိုင်ငံရေး အသိုက်အဝန်း ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ မော်လ်ဒိုဗာနိုင်ငံကို ရောက်ရှိနေပြီး ဥရောပခေါင်းဆောင် (၅၀) လောက်စုဝေးတဲ့ အဲဒီအစည်းအဝေးမှာ ယူကရိန်းကို နေတိုးစစ်မဟာမိတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အသိ အမှတ်ပြုဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ဇယ်လန်းစကီးဟာ မော်လ်ဒိုဗာသမ္မတ မိုင်ယာဆန်ဒူနဲ့ တွေ့ဆုံခဲ့ပြီး အနောက်နိုင်ငံတွေဆီက တိုက်လေယာဉ်တွေလိုအပ်တယ်လို့ တောင်းဆိုခဲ့ပြီး ယူကရိန်း ငြိမ်းချမ်းရေး အဆိုပြုချက်…

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရာထူးက ရပ်နားတော့မယ်

ဝါရှင်တန် – ဇွန်(၂) မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ်ဟာ (၁၈) လကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အတောအတွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့အတူ အတိုက်အခံတွေသာမက စစ်ခေါင်းဆောင် ကိုယ်တိုင် ဝေဖန်ပြောဆိုခဲ့ပြီးနောက်မှာတော့ ရာထူးက နှုန်ထွက်တော့မှာဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံသား လူမှုဗေဒပညာရှင် မစ္စဟေဇာကို ၂၀၂၁ ခုနှစ်မှာ မစ္စတာ ဂူတာရက်စ်က ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ကျင်းပဖို့…

ရှန်ဇူး-၁၆ မစ်ရှင်ကို တရုတ်အာကာသစခန်းသို့ လွှတ်တင်ခဲ့

ဘေဂျင်း၊ ဇွန်(၁) တရုတ်အာကာသစခန်းသို့ ပဉ္စမအကြိမ်မြောက်လူလိုက်ပါတဲ့ မစ်ရှင်တစ်ခုအဖြစ် ရှန်ဇူး-၁၆ မစ်ရှင်ကို အင်္ဂါနေ့ကလွှတ်တင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ အခုအချိန်မှာအပြည့်အဝလည်ပတ်နေပြီဖြစ်တဲ့ အာကာသစခန်းသို့ အာကာသယာဉ်မှူးသုံးဦးကို စေလွှတ် ခဲ့ကြောင်းပြောကြားထားတာပါ။ အာကာသယာဉ် ရှန်ဇူး-၁၆ ဒါမှမဟုတ်”Divine Vessel” ထဲမှာ အာကာသယာဉ်မှူး သုံးဦးလိုက်ပါသွားပြီး တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂိုဘီသဲကန္တာရရှိဂြိုလ်တုလွှတ်တင်ရေးစင်တာ Long March-2F ဒုံးပျံပေါ်ကနေ ဒေသစံတော်ချိန် နံနက်…

တရုတ်နိုင်ငံကို သူဌေးကြီး အီလွန်မက်စ် ဒုတိယအကြိမ် ရောက်ရှိလာ

ပေကျင်း – ဇွန်(၁) တရုတ်နိုင်ငံကို Tesla CEO အီလွန်မက်စ် ရောက်ရှိလာပြီး ဒုတိယမြောက်နေ့မှာ တရုတ်အစိုးရ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို သွားရောက်ခဲ့တယ်လို့ သိရပါတယ်။ အီလွန်မက်စ်ဟာ အစောပိုင်း တစ်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်းနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံရဲ့ အကြီးစား ဘက်ထရီထုတ်လုပ်သူလည်းဖြစ် Tesla ရဲ့ အဓိက ကုန်ကြမ်း ထောက်ပံ့သူ CATL ဥက္ကဋ္ဌ…

ကလေးစောင့်ရှောက်ရေးအတွက် ကန်ဒေါ်လာ (၂၆) ဘီလျံ လျာထားဖို့ ဂျပန်ဝန်ကြီးချုပ်ဆို

တိုကျို – ဇွန်(၁) ဂျပန်မှာ နှစ်စဉ်ကလေးသူငယ်စောင့်ရှောက်ရေးအသုံးစရိတ်အတွက် အစိုးရအဖွဲ့ကို ယန်း (၃.၅) ထရီလီယံ(ဒေါ်လာ -၂၆) ဘီလျံ ဖယ်ထားဖို့ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ညွှန်ကြားခဲ့ပြီး ဒီညွှန် ကြားချက်ဟာ ခန့်မှန်းထားတာထက် အနည်းငယ် ပိုများတယ်လို့ စီးပွားရေးဝန်ကြီး ကပြောပါ တယ်။ ဝန်ကြီးချုပ် ကီရှီဒါဟာ နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းလျော့နည်းလာမှုကို တွန်းလှန်ဖို့အတွက် လာမယ့် (၃)…