နိုင်ငံတကာ

ဒူတာတေးကို ဝေဖန်ခဲ့တဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူရဲ့ အယူခံပယ်ချခံရ

မနီလာ – ဇွန်(၈) ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေးကို ဆန့်ကျင်တဲ့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ လေလာဒီလီမာကို မူးယစ်ဆေးဝါးမှု ပုဒ်မတွေနဲ့ တရားစွဲခံထားရတာတွေအတွက် အာမခံ လျှောက်ထားတာ ငြင်းပယ်ခံလိုက်ရတယ်လို့ သူမရဲ့ ရှေ့နေကပြောပါတယ်။ လွှတ်တော်အမတ်ဟောင်း ဒီလီမာဟာ မစ္စတာဒူတာတေးရဲ့ မူးယစ်ဆေးဝါး တိုက်ပွဲအကြောင်း ကိုပထမဆုံး ဝေဖန်ပြောဆိုတဲ့ သူဖြစ်ပြီး သူမရဲ့ အသံတိတ်စေဖို့ လုပ်ကြံဖန်တီးစွဲချက်တွေနဲ့ (၆) နှစ်ကျော်ကြာဖမ်းဆီးခံထားရတာပါ။…

ရေကာတာ ပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး ရုရှားနဲ့ ယူကရိန်းတို့ ယူအန်မှာ အပြန်အလှန် ဝေဖန်နေ

နယူးယောက် – ဇွန်(၈) ယူကရိန်းနိုင်ငံက ရေကာတာပေါက်ကွဲခဲ့တာနဲ့ ပတ်သက်ပြီး UN မှာ ယူကရိန်းနဲ့ ရုရှားတို့ အပြန် အလှန် လွှဲချနေကြပြီး ဘယ်သူ့ကို အပြစ်တင်ရမယ်ဆိုတာ မသေချာသေးပေမယ့် ယူကရိန်းက သူ့ပြည်သူတွေနဲ့ နယ်မြေကို ဒီလိုလုပ်စရာအကြောင်းမရှိဘူးလို့ အမေရိကန်က ပြောပါတယ်။ ဒီနီပရိုမြစ်ပေါ်က ဧရာမဆည်ကြီးတစ်ခု ကျိုးပေါက်ပြီးနောက် ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးရဲ့ တောင်းဆိုချက်အရ အဖွဲ့ဝင်(၁၅)…

နှစ်နှစ်ဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် တရုတ်တက္ကသိုလ်တွေ ကျောင်းလခ ၅၄ ရာခိုင်နှုန်းအထိ တိုးမြှင့်

ဘေဂျင်း၊ ဇွန်(၇) တရုတ်နိုင်ငံမှာ ပညာရေးဘတ်ဂျက်တွေကို လျှော့ချခြင်းနဲ့ ဒေသန္တရအစိုးရတွေမှာ ဘဏ္ဍာရေး တင်းကျပ်လာမှု တွေကြောင့် တရုတ်တက္ကသိုလ်တွေရဲ့ ကျောင်းလခကိုတိုးမြှင့်လိုက်ပါတယ်။ ဒီလိုတိုးမြှင့်လိုက်တာဟာ ဆယ်စုနှစ်နှစ်စုအကြာအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်လိုက်တာဖြစ်တယ်လို့ လည်း သိရပါတယ်။ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒကို ၃ နှစ်ကျော်ပြဌာန်းပြီး ဒေသအစိုးရတွေမှာ ဘဏ္ဍာရေးအကျပ် အတည်းတွေ ဖြစ်ပေါ်တာ၊ ဆင်းရဲမွဲတေလာမှုနဲ့ နောက်ကျနေတဲ့ စီးပွားရေး စတဲ့ အခြေအနေတွေကြားမှာ…

အင်ဒိုမှာ တစ်ခါသုံးပလက်စတစ်အသုံးပြုမှုကို ၂၀၃၀ မတိုင်ခင် တားမြစ်ဖို့လုပ်ဆောင်နေ

ဂျကာတာ – ဇွန်(၇) အင်ဒိုနီးရှားနိုင်ငံမှာ လာမယ့် ၂၀၂၉ ခုနှစ်ကုန်မှာ တစ်ခါသုံး ပလက်စတစ်ထုတ်ကုန်တွေကို တားမြစ်ပိတ်ပင်သွားမျာဖြစ်တယ်လို့ နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သစ်တောရေးရာဝန်ကြီး စီတီနာဘျာ ဘာကာက ပြောပါတယ်။ ထုတ်လုပ်သူတွေကို အဲဒီအချိန်မှာ သူတို့ရဲ့ ပလက်စတစ်ထုတ်ပိုးအသုံးပြုမှုကို (၃၀) ရာခိုင်နှုန်း အထိ လျှော့ချဖို့ အမိန့်ထုတ်ထားတာပါ။ တားမြစ်ချက်မှာတော့ တစ်ခါသုံး ပလက်စတစ်စျေးဝယ်အိတ်၊ပလက်စတစ်ပိုက်နဲ့ ပလက်စတစ် ပန်ကန်ခွက်ယောက်တွေ…

အာဖဂ္ဂန်နစ္စတန်မှာ အမျိုးသမီးတွေ အလုပ်လုပ်ကိုင်ခွင့်ပြန်လည်ရရှိတော့မယ်

ကဘူးလ် – ဇွန်(၇) အာဖဂန်နစ္စတန်မှာ အမျိုးသမီးဝ်နထမ်းတွေကို လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ခွင့်ပြုပြီးနောက် တာလီဘန်အမြင့်ဆုံးခေါင်းဆောင်နေထိုင်တဲ့ တောင်ပိုင်ခရိုင်ဒေသန္တရဖြစ်တဲ့ ကန်ဒန်ဟာမှာ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတွေဟာ သူတို့ရဲ့လုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီဖြစ် ပါတယ်။ ဒီဆောင်ရွက်ချက်ဟာ လွန်ခဲ့တဲ့လအတွင်း ကန်ဒါဟာရှိ အဓိက တာလီဘန်ခေါင်းဆောင်တွေက NRC ရဲ့ အမျိုးသမီးဝန်ထမ်းတွေအတွက် ကြားကာလသဘောတူညီချက်တစ်ရပ်ကို သဘောတူ ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာတာဖြစ်တယ်လို့ NRC အထွေထွေအတွင်းရေးမှူး အေဂီလန်က ဆိုထား ပါတယ်။…

အာဖဂန်နစ္စတန် မူလတန်းကျောင်းတွေမှာ အဆိပ်ခတ်လုပ်ကြံမှုကြောင့် ကျောင်းသူ(၈၀) နီးပါး အဆိပ်သင့်

ကာဘူးလ်၊ ဇွန်(၆) အာဖဂန်နစ္စတန်ရှိ မူလတန်းကျောင်းတွေမှာ သီးခြားတိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ကျောင်းသူ (၈၀) နီးပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ၂၀၂၁ ခုနှစ် သြဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းပြီးကတည်းက အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ဖြိုခွင်းခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်အပါအဝင် ဆဌမတန်းအထက်ကျော်လွန်တက်ရောက်နေတဲ့ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့်…

Mask တပ်ဆင်မှုလျှော့ကျလာချိန် ဂျပန်လူမျိုးတွေ Smile Education သင်တန်းတက်သူများလာ

တိုကျို – ဇွန်(၆) ဂျပန်နိုင်ငံရဲ့ ကေတိုကာဝန်နို စာသင်ခန်းတွေထဲက ကျောင်းသားတစ်ဒါဇင်ကျော်ဟာ မှန်တွေ ကိုင်ပြီး သူတို့ရဲ့ ပါးစပ်တွေကို လက်ချောင်းတွေနဲ့ တွန်းကာ ဘယ်လိုပြုံးရတယ်ဆိုတာ လေ့ကျင့် နေကြပါတယ်။ ကိုဗစ်ကပ်ဘေးဖြစ်လာချိန်အတွက် Mask ဝတ်ဆင်ခဲ့ပြီးနောက် ကာဝန်နိုဝန်ဆောင်မှုအဖြစ် ဂျပန်မှာ Smile Instructor လိုအပ်ချက်မြင့်တက်လာခဲ့တာပါ။ အသက်(၂၀) အရွယ်ဟီမာဝါရိုရှီဒါဟာ သူမရဲ့ အပြုံးကို အသုံးပြုပြီး အလုပ်လုပ်ရတဲ့…

ဟောင်ကောင်မှာ တီယန်မင် နှစ်ပတ်လည့်နေ့နဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေကြောင့် ကုလအထူး စိုးရိမ်နေ

ဟောင်ကောင် – ဇွန်(၆) တီယန်မင်ရင်ပြင် ဖြိုခွင်းမှု (၃၄) နှစ်မြောက် နှစ်ပတ်လည် နေ့နဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေအတွက် အထူးစိုးရိမ်ထိတ်လန့်ခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။ ဟောင်ကောင်ရဲတပ်ဖွဲ့ဟာ ၁၉၈၉ ခုနှစ် ဘေဂျင်းမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်ဖြိုခွင်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့တဲ့ လှုပ်ရှားမှုမှာ လူ (၂၃) ဦးကို…

မြောက်ကိုရီးယားရဲ့ ဥပဒေမဲ့အပြုအမူကို နိုင်ငံအချို့က လျစ်လျူရှုနေတယ်လို့ တောင်ကိုရီးယား ပြော

ဆိုးလ်၊ ဇွန်(၄) မြောက်ကိုရီးယားရဲ့ ဥပဒေကြောင်းအရ မလျော်ကန်တဲ့ အပြုအမူတွေကို လျစ်လျူရှုနေခြင်းဟာ ပဲ့ထိန်းဒုံးနဲ့ နျူကလီးယားအစီအစဉ်တွေကို ဆန့်ကျင်တဲ့ ကုလသမဂ္ဂကို ခြိမ်းခြောက်မှုဖြစ်စေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ဇွန်(၃)ရက်နေ့က ပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ဂြိုဟ်တု လွှတ်တင်ရေးအစီအစဉ်ကို ရှုတ်ချဖို့ ကုလ လုံခြုံ ရေးကောင်စီသို့ အမေရိကန်က တောင်းဆိုထားချက်ကို တရုတ်နဲ့ ရုရှားတို့မှ ငြင်းဆန်ပယ်ချခဲ့တာပါ။ ဒါ့အပြင်…

တန်ပြန်ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ ယူကရိန်း သမ္မတ ကြေညာ

ကီးယက် – ဇွန်(၄) ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် တန်ပြန်ထိုးစစ်ကို စတင် လုပ်ဆောင်နေပြီး သူ့ရဲ့ ဗျူဟာကို ယုံကြည်မှုရှိတယ်လို့ သမ္မတ ဗလာဒီမာ ဇယ်လန်းစကီး က ပြောပါတယ်။ ယူကရိန်းဟာ နွေဦးရာသီစတည်းတက လက်တုံ့ပြန်တိုက်ခိုက်ဖို့ အသင့်ဖြစ်နေပြီး ချေမှုန်းရေး အစီအမံအသစ်တွေ ပြင်ဆင်တာနဲ့ သောင်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်မှုပြုလုပ်တာတွေ အပါအဝင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့တာပါ။…