ဟီရိုရှီးမားမှာ ပထမဆုံးအကြိမ်အဏုမြူဗုံးကြဲခံရတဲ့ နှစ်ပတ်လည်နေ့ငြိမ်းချမ်းရေးဆုတောင်း
ဟီရိုရှီးမား-ဩဂုတ်(၇) ကမ္ဘာ့ပထမဆုံးအဏူမြူဗုံးကြဲချမှု(၇၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဟီရိုရှီးမားမြို့မှာ ဩဂုတ်လ(၆) ရက်နေ့မှာ ဆုတောင်းတဲ့ ခေါင်းလောင်းသံတွေထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံ အနေနဲ့ ယူကရိန်းကို ကျူးကျော်ပြီးနောက် အသစ်အဆန်းသောလက်နက်ပြိုင်ဆိုင်မှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် တာဝန်ရှိသူတွေက သတိပေးလိုက်ပါတယ်။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီး မကြာခင်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင် ကနျူကလီးယား တိုက်ခိုက်မှု ဖြစ်နိုင်ချေကို ထုတ်ဖော်ပြောဆိုခဲ့ပြီး ပဋိပက္ခကြောင့် ယူကရိန်းရဲ့ နျူကလီးယား…
