Thanlwintimes

အာရှလမ်းမှာ ခရီးသည်တင်ကားမှောက်လို့ (၇) ဦးသေဆုံး

ကော့ကရိတ် – နိုဝင်ဘာ (၉) ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အာရှလမ်း တောနော်ရေတံခွန်းနားမှာ ဒီနေ့ နိုဝင်ဘာလ (၉) ရက်နေ့ မနက်ပိုင်းက ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ပြီး (၇) ဦးသေဆုံးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဖြစ်စဉ်မှာ ဒီနေ့ မနက် (၉) နာရီဝန်းကျင်က မြဝတီကနေ ဘားအံကို ဆင်းလာတဲ့ ခရီးသည်တင် အန်စာတုံးကားဟာ အရှိန်မထိန်းနိုင်ဘဲ…

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မင်းသံစဉ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

အာဏာသိမ်း စစ်ကောင်စီဟာ အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်လိုက်ကြောင်း ပြီးခဲ့တဲ့ အောက်တို ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီဥပဒေမှာ စစ်ကောင်စီက “အခြေခံပညာအဆင့်တွင် မြန်မာဘာ သာစကားကို စာသင်ခန်းသုံး ဘာသာစကားအဖြစ် အသုံးပြုရမည်”ဆိုပြီး ပြန်လည် ပြင်ဆင်လိုက်တာပါ။ ဒါ့အပြင် အမျိုးသားပညာရေးကော်မရှင် ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး အစိုးရမဟုတ်တဲ့ တိုင်းရင်းသားလူမျိုးစု ကိုယ် စားပြုသူတွေ၊ ကျောင်းသားသမဂ္ဂ ကိုယ်စားပြုသူတွေနဲ့…

စစ်အာဏာသိမ်း (၆၄၆) ရက် အတွင်း သတ်ဖြတ်ခံရသူ ၂၄၂၄ ဦး အထိရှိလာ

မော်လမြိုင်၊ နိုဝင်ဘာ (၉) AAPP ရဲ့ နိုဝင်ဘာလ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၆၄၆)ရက်အတွင်း ပြည်သူ (၂၄၂၄)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၆၁၁၆ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည် လွတ်မြောက်လာသူကတော့ (၃၁၈၉) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ…

ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပြန်လည် မြင့်တက်လာ

မော်လမြိုင်၊ နိုဝင်ဘာ (၉) အခုရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံဈေး အနည်းငယ် ပြန်လည် မြင့်တက်လာမှုနဲ့အတူ လိုသလောက် ဝယ်ယူမရသေးတဲ့အတွက် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း ပြန်လည် မြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကမ္ဘာ့ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်နေ့က တစ်စည်ကို အမေရိကန် ဒေါ်လာ (၉၅) ဝန်းကျင်လောက်သာ…

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၂ နှစ်ပြည့် (အထူးသတင်းဆောင်းပါး)

ရန်ကုန်၊ နိုဝင်ဘာ (၉) ကမ္ဘာ့ကပ်ရောဂါ COVID-19 ရဲ့ စိန်ခေါ်မှုတွေကြားကနေ NLD အစိုးရလက်ထက်က ပြုလုပ်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈ ရက်နေ့မှာ ၂ နှစ်ပြည့်မြောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၉၁ ပါတီရှိပြီး ရွေးကောက်ပွဲအနိုင်ရ ၁၉ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေထဲက…

သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ သံတံတား စစ်ဆေးရေးဂိတ် ထပ်မံ တိုက်ခိုက်ခံရ

ကျိုက်ထို၊ နိုဝင်ဘာ (၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်နယ်မြေရဲစခန်းနဲ့ ဘီးလင်းမြို့နယ်က စစ်ကောင်စီ သံတံတား စစ်ဆေးရေးဂိတ်ဟာ နိုဝင်ဘာ ၇ ရက်နေ့က ညပိုင်းမှာ ထပ်မံတိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သိမ်ဇရပ်နယ်မြေရဲစခန်းကို နိုဝင်ဝင်ဘာ ၇ ရက်နေ့ ည ၆ နာရီခွဲအချိန်လောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့…

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှ မြန်မာပြဿနာပြေလည်ရေး လမ်းစရမယ်လို့ NLD ထုတ်ပြန်

ရန်ကုန်၊ နိုဝင်ဘာ (၉) အာဆီယံ အထူးကိုယ်စားလှယ်အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်တွေအနေနဲ့ လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးအဖြေရှာနိုင်မှသာ လက်တွေ့ကျတဲ့ ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မယ်လို့ NLD ပါတီက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့မှာ နှစ်နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အခုလို…

စစ်အာဏာရှင်တွေမရှိမှ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

မော်လမြိုင် – နိုဝင်ဘာ(၈) မြန်မာနိုင်ငံမှာ လူမဆန်တဲ့ စစ်အာဏာရှင်တွေ မရှိတော့မယ့် တစ်နေ့မှာ ပြည်သူတစ်ရပ်လုံး တည်ထောင်ချင်နေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ထောင်နိုင်မှာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(NUG/JCC) တို့ ကြားချိတ်ဆက်ဆောင်ရွက်နေမှုတွေနဲ့ ပတ်သက်တဲ့ အစည်း အဝေးမှာ ဝန်ကြီးချုပ်ကပြောခဲ့တာပါ။ “ဒီအချိန်ဒီကာလကတော့…

သံဖြူဇရပ်က နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းမီးလောင်

သံဖြူဇရပ် – နိုဝင်ဘာ (၈) မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲဘိုတောင်ကျေးရွာက နှစ်တစ်ရာကျော်သက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းဟာ ဒီနေ့ နိုဝင်ဘာလ(၈) ရက်နေ့ မနက်ပိုင်းက မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ မီးလောင်မှုကြောင့် ပေ ၈၀-ပေ-၁၂၀ ရှိတဲ့ နှစ်ထပ်ကျောင်းဆောင်ရဲ့ ခေါင်မိုးပိုင်းနဲ့ အတွက်းပိုင်း ပစ္စည်းအကုန်နီးပါး မီးလောင်ပျက်စီးသွားပြီး ကျောင်းနေ သံဃာတော်တွေတော့ ထိခိုက်ဒဏ်ရာ ရရှိတာမရှိဘူးလို့…