Thanlwintimes

ကရင်နီပြည်နယ်မှာ အာဏာသိမ်းမှုကြောင့် အရပ်သား ၃၀၀ ကျော် သေဆုံးထား

ဒီမော့ဆို ၊ စက်တင်ဘာ (၃) ကရင်နီပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ဒီနှစ် သြဂုတ် ၃၁ ရက်နေ့ထိ ၁၉ လတာကာအတွင်း အရပ်သားပြည်သူ ၃၂၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ပါတယ်။ သေဆုံးခဲ့တဲ့ အရပ်သား ၃၂၂ ဦးမှာ စစ်ကောင်စီရဲ့…

ထားဝယ်မှာ စစ်ကောင်စီက ညတိုင်းဧည့်စာရင်း ဝင်စစ်ပြီး ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာ

ထားဝယ် ၊ စက်တင်ဘာ (၃)တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်မှာ အာဏာသိမ်း စစ်ကောင်စီက ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစပြီး ညတိုင်းဧည့်စာရင်း ဝင်ရောက်စစ်လာသလို အကြောင်းမဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက ထားဝယ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဆန်းချီ၊ ပုံကျွန်း၊ ဥသာရံ၊ မြောင်းပုလဲ၊ တလိုင်းမ၊ တလိုင်းထိန်၊ သင်္ဘောဆိပ်ရပ်ကွက်တွေအပါအဝင် မြို့ပေါ်ရပ်ကွက်အများစုမှာ အင်အား အလုံးအရင်းနဲ့…

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် NUG သတ်မှတ်

ရန်ကုန် ၊ စက်တင်ဘာ (၃) ဖမ်းဆီးထိန်းသိမ်းခံ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄-၅၆ နေအိမ်ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၂ ရက်နေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ NUG အစိုးရအဖွဲ့ အစည်းအဝေးရဲ့ အတည်ပြုချက်အရ အမွေအနှစ်ဆိုင်ရာ ကြားကာလစီမံအုပ်ချုပ်မှုဗဟိုအဖွဲ့က ထုတ်ပြန်ထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ…

ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေနဲ့ ကလေးသူငယ်တွေကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ပြီ

ပေါက် – စက်တင်ဘာ (၂) မကွေးတိုင်းပေါက်မြို့က ကျေးရွာတစ်ရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇၁၂-ပြည်သူ့စွမ်း အားတပ်ပေါင်းစု-PPC က ဒေသခံတွေကို ကျန်းမာရေးစောင့်ရှောင့်မှု ပေးခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ အဲ့ဒီကျေးရွာက ဒေသခံပြည်သူ (၈၀) ကျော်ကို ကို ဆေးဝါးကုသပေးပြီး ကိုယ်ဝန်ဆောင်မိခင်တွေကို ကာကွယ်ဆေးထိုးတာနဲ့ ကလေးသူငယ်တွေရဲ့ ကျောင်းကျန်းမာရေးကိစ္စတွေကိုပါ ဆောင်ရွက်ပေးခဲ့ တာပါ။…

KNU တပ်မဟာ ၅ ထံ စစ်ကောင်စီတပ်သား တစ်ဦး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၂၀ ချီးမြှင့်

ဖာပွန် ၊ စက်တင်ဘာ ၂ ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်သားတစ်ဦးဟာ လက်နက်ခဲယမ်းနဲ့အတူ KNLA တပ်မဟာ(၅)ထံ အလင်းဝင်ရောက်လာခဲ့ပြီး တပ်မဟာ(၅)က ငွေကျပ်သိန်း(၂၀)တိတိ ဆုချီးမြှင့်ခဲ့တယ်လို့ ကေအဲန်ယူ-ဖာပွန်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီလက်လက်အောက်ခံ ခမရ(၅၉၃)က အသက်(၂၅)နှစ်ရှိတဲ့ တပ်သားမောင်သန့်ဇင်အောင်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၅)ထံ MA-3 သေနတ်တစ်လက်၊ ကျည်(၁၇၀)တောင့်နဲ့ လက်ပစ်ဗုံးတစ်လုံးယူဆောင်လာပြီး အလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က…

ကမ်းလွန်လောင်စာ တူးဖော်ရေးကိစ္စ တရုတ်နှင့်ဆွေးနွေးပွဲများ ကျင်းပရန် လမ်းဖွင့်ပေးလျှက်ရှိသည် ဟု ဖိလစ်ပိုင် ထိပ်တန်းအသံအမတ်ပြောကြား

မနီလာ ၊ စက်တင်ဘာ (၂) ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံနှင့် ရေနံ၊သဘာဝဓာတ်ငွေ့ ရှာဖွေရေးဆိုင်ရာ ဆွေးနွေးပွဲအသစ်တွေ ပြုလုပ်ဖို့ လမ်းဖွင့်ထားကြောင်း ဖိလစ်ပိုင် ထိပ်တန်း သံတမန်က ဗုဒ္ဓဟူးနေ့ (သြဂုတ် ၃၁) နေ့မှာ ပြောကြားခဲ့ပါတယ်။ သမ္မတ ဖာဒီနန်မားကိုးစ် ဂျူနီယာ ရဲ့ အစိုးရသည် ဆွေးနွေးမှုများ ပြန်လည်စတင်ဖို့ အဆင်သင့်ဖြစ်နေပေမယ့် မည်ကဲ့သို့သော သဘောတူညီချက်ဖြစ်စေ ဖိလစ်ပိုင်ဥပဒေများကို…

ပဏာမသဘောတူညီချက်အရ IMF က သီရိလင်္ကာနိုင်ငံကို ဒေါ်လာ (၂.၉) ဘီလျံချေးမယ်

ကိုလံဘို – စက်တင်တာ(၂) သီရိလင်္ကာနိုင်ငံက နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့ ပဏာမသဘောတူညီချက်တစ်ခု အဖြစ် အမေရိကန်ဒေါ်လာ (၂.၉) ဘီလျံ ချေးငွေရယူခဲ့တယ်လို့ စက်တင်ဘာလ(၁) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ရန်ပုံငွေပံ့ပိုးပေးတဲ့ အစီအစဉ်သစ်ရဲ့ ရည်ရွယ်ချက်မှာ မက်ခရိုစီးပွားရေး ထိန်းချုပ်မှုနဲ့ ကြွေးမြီး တွေအတွက်ပြန်လည်ထူထောင်ဖို့ဖြစ်ပြီး IMF ရဲ့ တိုးချဲ့ရန်ပုံငွေ ပံ့ပိုးကူညီမှုအောက်မှာ (၄၈) လကြာ အစီအစဉ်ကြေညာချက်မျာ…

တရုတ်အစိုးရဟာ ရှင်ကျန်းဒေသက လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ကုလ ထုတ်ပြန်

ပေကျင်း – စက်တင်ဘာ(၂) ရှင်ကျန်းဒေသက ဝီဂါနဲ့ တခြား မွတ်စလင်တွေကို တရုတ်နိုင်ငံဟာ ခွဲခြားဆက်ဆံဖမ်းဆီး ထိန်းသိမ်းတာတွေအပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်လာနိုင် တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက အစီရင်ခံတစ်ခုမှာ ပြောပါတယ်။ တရုတ်နိုင်ငံအပေါ်ပျော့ပျောင်းလွန်းတယ်လို့ သံတမန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တချို့ရဲ့ ဝေဖန် မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲဘချလတ် ဟာ…

စစ်တပ်ရဲ့ စီမံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်ခံစားနေရတာလို့ NUG ဆို

မော်လမြိုင် – စက်တင်ဘာ(၂) အာဏာသိမ်းစစ်ကောင်စီရဲ့ စီးခံခန့်ခွဲရေးညံ့ဖျင်းမှုကြောင့် ပြည်သူတွေ စီးပွားရေး ကျဆင်းမှု ဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့အတွက် ပြည်သူတွေရဲ့ အခက်အခဲကို အတက်နိုင်ဆုံး ဖြေရှင်း ဆောင်ရွက်ကြဖို့ အစိုးရအဖွဲ့ကို NUG ဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပါတယ်။​ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး(၂၇/၂၀၂၂) မှာ ဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။ “အကြမ်းဖက်စစ်ကောင်စီရဲ့ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုကြောင့် ပြည်သူတွေအနေနဲ့…