Thanlwintimes

ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်သစ်ထပ်မံချမှတ်လိုက်တဲ့ စစ်ကောင်စီကို အရေးယူမှုတွေ ပိုမိုလုပ်ဆောင်မယ်

ဝါရှင်တန်- စက်တင်ဘာ(၃) နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နဲ့ ထောင်ဒဏ်(၃) နှစ်ထပ်မံချမှတ်လိုက် တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘင်လင်ကန်က ရှုတ်ချခဲ့ပြီး စစ်ကောင်စီ ကိုနောက်ထပ်ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုပိုလုပ်ဆောင်လာတဲ့ စစ်ကောင်စီကို ဖိအားတွေပိုမိုပေးဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ဆိုခဲ့တာပါ။ “မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်ချမှတ်လိုက် တာဟာ တရားမျှတမှု မရှိတဲ့ စီရင်ချက်ဖြစ်တဲ့ အတွက်…

မိုဒီသည် အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းမှာတည်ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောအား ကာကွယ်ရေး တွန်းအားပေးဖို့ တာဝန်ပေးအပ်ခဲ့

နယူးဒေလီ ၊ စက်တင်ဘာ (၃) ဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် အငြင်းအခုံဖြစ်နေတဲ့ နယ်နိမိတ်နှစ်ခုမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ထောက်ပံ့ဖို့ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ပြီး သူ့အစိုးရရဲ့ ကြိုးပမ်းမှုတွေကို အလေးပေးဖော်ပြတဲ့အနေဖြင့် အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းမှာတည်ဆောက်တဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောကို စက်တင်ဘာ ၂ ရက်နေ့မှာ တာဝန်ပေးအပ်ခဲ့ပါတယ်။ အိန္ဒိယမှာ တည်ဆောက်ခဲ့သမျှ အကြီးဆုံး စစ်သင်္ဘောဖြစ်တဲ့ INS Vikrant…

ဒွန်မောင်လေဆိပ်ကနေ ပတ္တရား ကမ်းခြေအထိတိုက်ရိုက်ဘတ်စ်ကားဝန်ဆောင်မှုစတင်

ဘန်ကောက် – စက်တင်ဘာ(၃) ထိုင်းနိုင်ငံဘန်ကောက်မြို့ ဒွန်မောင်းနိုင်ငံတကာလေဆိပ်ကနေ ပတ္တရားကမ်းခြေအထိ တစ်ဦးကို ဘတ်(၃၅၀) နှုန်းနဲ့ ဘတ်စ်ကားဝန်ဆောင်မှု ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့ကစပြီးဆောင် ရွက်နေတယ်လို့ သိရပါတယ်။ ဒွန်မောင်းလေဆိပ် လုပ်ငန်းလည်ပတ်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးကတခြား လူကြိုက်များတဲ့ ခရီးစဉ်လမ်းကြောင်းအသစ်တွေကိုလည်း ပြေးဆွဲသွားဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ ပတ္တရားကမ်းခြေကို စမ်းသပ်ပြေးဆွဲမှု ကာလအတွင်း မနက်(၁၀) နာရီခွဲမှာ ဒွန်မောင်း…

ယူကရိန်းနျူကလီးယားစက်ရုံပျက်ဆီးဆုံးရှုံမှုကို ကုလသမဂ္ဂ စစ်ဆေးမှုတွေ လုပ်ဆောင်နေ

ကီးယက်-စက်တင်ဘာ(၃) ဥရောပအကြီးဆုံးနျူကလီးယားစွမ်းအင်စက်ရုံရဲ့ ဘေးကင်းမှုကို အကဲဖြတ်ဖို့ ရုရှားထိန်းချုပ် နယ်မြေကိုဖြတ်ကျော်ဝင်ရောက်လာတဲ့ ကုလသမဂ္ဂကျွမ်းကျင်သူတွေဟာ နှစ်ဘက်လုံးက အန္တရာယ်ရှိတယ်လို့ သတိပေးထားတဲ့ စက်ရုံရဲ့ရုပ်ပိုင်းဆိုင်ရာ ပျက်ဆီးမှုတွေအတွက် စစ်ဆေးမှု တွေစတင်လုပ်ဆောင်နေပါတယ်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA) စစ်ဆေးရေးအဖွဲ့ဟာ စက်တင်ဘာလ (၁) ရက်နေ့မှာ ဓာတ်အားပေးစက်ရုံကို ရောက်ရှိဖို့ပစ်ခတ်မှုတွေပြင်းထန်နေတဲ့ကြားက သွား ရောက်ခဲ့ရကာ ရုရှားနဲ့ ယူကရိန်းတို့ကတော့ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး အချင်းချင်း အပြစ်တင်နေကြတဲ့အတွက်…

ဈေးနှုန်းကြီးမြင့်ပြီး ဆေးဝါးအချို့ ပြတ်လပ်လာတာကြောင့် နာတာရှည်ဝေဒနာရှင်တွေ အသက်အန္တရာယ်အတွက် စိုးရိမ်လာရ

ရန်ကုန် ၊ စက်တင်ဘာ (၃)အာဏာသိမ်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဆေးဈေးနှုန်းတွေ အဆမတန်မြင့်တက်ပြီးနောက် မဖြစ်မနေ ဝယ်ယူသုံးစွဲနေရတဲ့ ဆေးဝါးအချို့ ပြတ်လပ်လာတာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်လာရတယ်လို့ ဆီးချို၊သွေးတိုးနဲ့ နှလုံးရောဂါသည် နာတာရှည်ဝေဒနာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မခုသာ မခံသာတဲ့နှုန်းနဲ့ ဒေါ်လာဈေးကျနေပေမယ့် ဆေးဝါးပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဒေါ်လာ ဝယ်ရယူပြီး ပြည်ပက ရောင်းချသူတွေဘက်ကို ပေးချေနိုင်မှသာ…

ရွှေဒင်္ဂါးတွေကို စစ်ကောင်စီ စတင် ရောင်းချပြီးနောက် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အောက် ပြန်ရောက်လာ

ရန်ကုန် ၊ စက်တင်ဘာ (၃) စစ်ကောင်စီက တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို စတင် ရောင်းချလာပြီးနောက် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ အောက် ပြန်ရောက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးသွားမယ်လို့ စက်တင်ဘာ…

စစ်အာဏာသိမ်း ရက် (၅၇၉) အတွင်း သတ်ဖြတ်ခံရသူ ၂၂၆၃ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ ၃ AAPP ၏ စက်တင်ဘာလ (၂) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၉)အတွင်း ပြည်သူ (၂၂၆၃)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၃၂၅ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၉) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…