BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ KNU သတိပေး
ဘားအံ၊ စက်တင်ဘာ (၁၀) စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF အနေနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်တွေကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပြီး အခုလို လုပ်ရပ်တွေဟာ လက်ခံနိုင်စရာ မရှိဘူးလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောခွင့်ရ ပဒိုစောတောနီးက သတိပေးပြောဆိုလိုက်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်းမှာ နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီတပ်နဲ့အတူ စစ်ရေးဝင်ရောက်လှုပ်ရှားပြီး ဒေသခံပြည်သူလူထုတွေအပေါ်…
