ကြာအင်းဆိပ်ကြီးတိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ဒေသခံတွေ နေရပ်မပြန်ရဲသေး
ကြာအင်းဆိပ်ကြီး၊ ဇန်နဝါရီ(၁၃) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးသလို လူသားချင်းစာနာမှုအကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။ အခုနှစ်စပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း KNLA မဟာမိတ်တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် ဒေသခံဦးရေထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာပါ။ လက်ရှိကောက်ယူနေဆဲ့ စာရင်းအချက်အလက်ရ တိုက်ပွဲကြောင့်…
