စည်ပင်စျေးမှာ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင် တားမြစ်
မော်လမြိုင် ၊ အောက်တိုဘာ (၉) စည်ပင်သာယာစျေးတွေမှာ မဲဆွယ်စည်းရုံးတာတွေ မပြုလုပ်ဖို့ ရေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရေးမြို့နယ် စည်ပင်စျေးက ရွှေဆိုင်တန်းက ဆိုင်တွေမှာ မွန်ညီညွတ်ရေးပါတီအလံတွေထောင်ပြီး သီးချင်းတွေ ဖွင့်ခဲ့တဲ့နောက်မှာ အခုလို တားမြစ်လိုက်တာ ဖြစ်ပါတယ်။ စည်ပင်ဈေးအတွင်းမှာ ပတ်ဝန်းကျင်နဲ့ ဈေးရောင်းဝယ်သူတွေအပေါ် အနှောင့်အယှက်ဖြစ်စေမယ့် ဆောင်းဘောက်အသံဆူညံစွာဖွင့်လှစ်ခြင်း၊ အော်ဟစ်သီဆိုကခုန်ခြင်းတွေအပြင် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးတာတွေ မလုပ်ဖို့ ရေးမြို့နယ်စည်ပင်က…