ရုရှားရဲ့ဝဂ်နာကြေးစားအဖွဲ့ကို နိုင်ငံဖြတ်ကျော်ရာဇဝတ်အဖွဲ့အဖြစ် အမေရိကန် သတ်မှတ်
ဝါရှင်တန်၊ ဇန်နဝါရီ(၂၂) အမေရိကန်ဘဏ္ဍာရေးဌာနဟာ ရုရှားကြေးစားအဖွဲ့ဝဂ်နာကို နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းအဖြစ်သတ်မှတ်သွားမှာဖြစ်ကာ အဲဒီအဖွဲ့ကို ပံ့ပိုးကူညီနေသူတွေကိုလည်း လာမယ့်အပတ်မှာ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်သွားမယ်လို့ အိမ်ဖြူတော်က ပြောကြားခဲ့ပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့အတူ အမေရိကန်ဟာ ရုရှားကနေမြောက်ကိုရီးယားကို သွားလာနေတဲ့ ရုရှားရထားတွဲတွေရဲ့ အမျိုးအစားခွဲခြားထားတဲ့ဓာတ်ပုံတွေကို နိုဝင်ဘာလမှာ ထုတ်ပြန်ခဲ့ပြီး ဒီရထားတွဲတွေဟာ ရုရှားကြေးစားတပ်ဖွဲ့တွေ အသုံးပြုဖို့အတွက် ဒုံးကျည်တွေနဲ့ အမြှောက်တွေကို ပေးပို့နေတာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောပါတယ်။…
