အာဖဂန်နိုင်ငံအတွင်းက အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုတွေကို ကုလထုတ်ပြန်

0
7974

ကဘူးလ်- ဇန်နဝါရီ(၂၂) 

တာလီဘန်တွေထိန်းချုပ်ထားတဲ့ အာဖဂန်နစ္စတန်နိုင်ငံအတွင်းက အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရနေရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဒုတိယအထွေထွေ အတွင်းရေးမှူး မစ္စအမီနာ မိုဟာမက်က အသိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ 

မစ္စမိုဟာမတ်ဟာ အာဖဂန်နစ္စတန်ကို (၄) ရက်ကြာ သွားရောက်ပြီးနောက် တာဘီဘန်အစိုးရက အမျိုးသမီးတွေအတွက် အကူအညီပေးရေးလုပ်ငန်းဆောင်ရွက်နေသူအများစုကို တားမြစ်ထား တာနဲ့ အထက်တန်းကျောင်း၊တက္ကသိုလ်တွေ တက်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ကဘူးလ်မြို့မှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

တာလီဘန်ရဲ့ အမြင့်ဆုံး ခေါင်းဆောင်နေထိုင်ရာ ကန်ဒါဟာမှာ မစ္စမိုဟာမက်က တာလီဘန် ဒုတိယ အုပ်ချုပ်သူအရာရှိနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ 

ကုလဒုတိယအထွေထွေအတွင်းရေးမှူးချုပ်က တာလီဘန်အုပ်ချုပ်ရေးအစိုးရဟာ ကမ္ဘာနဲ့ အားကောင်းခိုင်မာတဲ့ ဆက်ဆံရေးလိုလားပြီး နိုင်ငံခေါင်းဆောင်တွေကို ပိတ်ဆို့ကန့်သတ်ထား တာတွေဖယ်ရှားဖို့ အလိုရှိနေတယ်လို့ ဆိုပါတယ်။ 

တာလီဘန်အစိုးရက ကုလကိုယ်စားလှယ်ပေးပို့စေလွှတ်နိုင်ဖို့ ရှိမရှိ နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်မယ့် ဒုတိယအကြိမ် ကုလအထွေထွေညီလာခံကိုလည်း ရွှေ့ဆိုင်းခဲ့ပြီးတာလီဘန်ခေါင်း ဆောင်တွေကလည်း ကုလသမဂ္ဂရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကို ပယ်ချထားပါတယ်။ 

“ကြောက်မက်ဖွယ်ရာ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းများနှင့် ရာသီဥတု အပြောင်းအလဲဒဏ်ကိုလည်း ခံနေရတဲ့အကြား အာဖဂန်နစ္စတန် ဟာ သူ့ဟာသူ အထီးကျန် အောင်လုပ်နေတာပါ” လို့ ကုလဒုတိယအကြီးအကဲ မစ္စမိုဟာမက် ကပြောခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်နိုင်ငံကို အာဏာသိမ်းပြီးတည်က ကမ္ဘာ့နိုင်ငံအသီးသီးက တာလီဘန်ကို တရားဝင် အစိုးရအဖြစ် လက်ရှိအချိန်ထိ အသိအမှတ်ပြုထားတာမရှိသေးပါဘူး။ 

အာဖဂန်နစ္စတန်မှာ အလုပ်လုပ်ကိုင်ခွင့်ဆိုင်းခံခံလိုက်ရတဲ့ Norwegian Refugee Council (NRC) အနေနဲ့ တာလီဘန်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအကြာ စေ့စပ်နိုင်ဖို့ အရေးကြီး တယ်လို့ ဆိုခဲ့ပါတယ်။ 

ဒါ့အပြင် အမျိုးသမီးအခွင့်အရေးတွေကို ကန့်သတ်ထားတဲ့ အမိန့်တွေကိုလည်း တာလီဘန်တွေ က သတိပေးလေ့ရှိတယ်လို့ NRC အကြီးအကဲက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.