မုန်းမြို့နယ်မှာ ကျေးရွာ ၆ ရွာက ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရ
ကော်သူးလေ – ဖေဖော်ဝါရီ(၆) ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ မုန်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ရေးဝင်ရောက်လှုပ်ရှားပြီး ကျေးရွာတွေအပေါ် လက်နက်ကြီး ပစ်ခတ်နေတာကြောင့် ကျေးရွာ(၆)ရွာက ဒေသခံပြည်သူလူထု(၅၀၀၀)ကျော် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ KNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ မုန်းမြို့နယ် မြင်သာယာကျေးရွာထဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၄)ရက်နေ့မှာ တပ်အင်အား(၆၀)နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ ခမရ(၃၅၁)၊ ခလရ(၆၀)တပ်တွေက…
