KNU ဖာပွန်ခရိုင်ကို စစ်ကောင်စီတပ် ၂ ရက်ဆက်တိုက် လေယာဉ်နဲ့ဗုံးကြဲ
ဖာပွန်၊ ဖေဖော်ဝါရီ(၁၈) ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းရှိ ကျေးရွာတွေအပေါ်ကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ (၂)ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးသွားခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီ(၁၅)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်(၃)စီးဟာ ဖာပွန်ခရိုင် တပ်မဟာ(၅)လူသောမြို့နယ် ပေးကေးဒဲကျေးရွာအုပ်စု ထော့ထီးပယ်ကျေးရွာထဲကို ဗုံးသီး(၆)လုံး လာရောက်ကြဲချခဲ့ရာ…
