Thanlwintimes

စစ်အုပ်ချုပ်ရေးကာလ ရေးမြို့နယ်ဒေသခံတွေရဲ့ ဘဝမလုံခြုံမှုနဲ့ လူမှုဒုက္ခ

ရေး ၊ ဖေဖော်ဝါရီ (၂၃) စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဒေသခံလူထုတွေ ဟာ စီးပွားရေး၊ လူမှုရေး၊ သွားလာရေးအပြင် ဘဝမလုံခြုံမှုပြဿနာကို အကြီးအကျယ် ခံ စားနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အရေးပေါ်ကာလသက်တမ်း ၆ လထပ်တိုးယူခဲ့တဲ့ စစ်ကောင်စီက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ တိုင်းနဲ့ပြည်နယ် ၈ ခုရှိ မြို့နယ်…

ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

ဘီးလင်း၊ ဖေဖော်ဝါရီ(၂၃) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ခဲမောက်ကျေးရွာထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာတာကြောင့် KNLA ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ ညနေ ၄ နာရီလောက်မှာ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်…

KNU နယ်မြေမှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ နီးပါး သေဆုံး

ကော်သူးလေ၊ ဖေဖော်ဝါရီ(၂၃) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအားလုံးမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အ တွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းတဲ့(၂)နှစ်နဲ့ (၁)လတာအတွင်း KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခရိုင်(၇)ခုထဲမှာနေထိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက် ခိုက်မှုပေါင်း…

သာယာဝတီမြို့မှာ ရိုဟင်ဂျာ (၃၀) ကျော်ဖမ်းဆီးခံရ

သာယာဝတီ – ဖေဖော်ဝါရီ(၂၂) ပဲခူးတိုင်း၊ သာယာဝတီမြို့နယ် ဂွေးချောင်းရွာအနီး ရန်ကုန်-ပြည်ကားလမ်းမပေါ်မှာ ရိုဟင်ဂျာ (၃၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ရိုဟင်ဂျာ အရေးကူညီနေသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ သူတို့တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က ရန်ကုန်-ပြည်ကားလမ်းပေါ်က စစ်ဆေးရေး ဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။ စစ်ကောင်စီရဲ့ ဖမ်းဆီးခံခဲ့ရသူတွေထဲမှာ အမျိုးသား(၂၈)ဦးနဲ့ အမျိုးသမီး(၄)ဦးပါဝင်ပြီး သူတို့ဟာ မလေးရှားနိုင်ငံကိုထွက်ခွာဖို့ ရခိုင်ပြည်နယ်ကနေတဆင့်…

နိုင်ငံကူးလက်မှတ်တွေကို အွန်လိုင်းဘွတ်ကင်စနစ်နဲ့ ပြန်လည်လျှောက်ထားခွင့်ပြု

မော်လမြိုင်၊ ဖေဖော်ဝါရီ ( ၂၂ ) မြန်မာနိုင်ငံကူးလက်မှတ်တွေကို လာမယ့်ဖေဖော်ဝါရီ (၂၄)ရက်နေ့ ကစပြီး အွန်လိုင်းကနေဘွတ်ကင်တင်တဲ့ စနစ်သစ်နဲ့ လူကိုယ်တိုင်လျှောက်ထားနိုင်ပြီလို့ စစ်ကောင်စီက ကြေညာလိုက်ပါတယ်။ အဲဒီစနစ်ကို ရန်ကုန်မြို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာသာ ကျင့်သုံးသွားမှာဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာတော့ အရင်လျှောက်ထားနေကျအတိုင်းသာ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီလို ဆောင်ရွက်ပေးရာမှာ ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်းပေးသွင်းရမယ်လို့ ပြောဆိုထားပြီး…

မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေးအဖွဲ့ ဗုံးခွဲတိုက်ခိုက်

မန္တလေး – ဖေဖော်ဝါရီ(၂၂) မန္တလေးတိုင်းလွှတ်တော်ရုံးနဲ့ တရားရုံးတွေကို မြနန္ဒာစစ်ဆင်ရေး(မန္တလေး) အဖွဲ့က အဝေးထိန်း မိုင်းနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေး(မန္တလေး) က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၁) ရက်နေ့က အောင်မြေသာစံမြို့နယ်၊ဘုန်းတော်တိုးရပ်ကွက်၊ လမ်း(၁၀) မှာရှိတဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းလွှတ်တော်ရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိခဲ့တဲ့အတွက် ဘန်ကာအတွင်းက…

“စိတ်ပိုင်းဆိုင်ရာကအများကြီး ထိခိုက်မှုရှိတာပေါ့နော်။ ကလေးတွေကလည်း ဘယ်အချိန်မှာ လက်နက်ကြီး ကျမလဲ။ ဘယ်အချိန်မှာ ပြန်လာပစ်မလဲဆိုတာက ဘယ်သူမှမသိတော့ အမြဲတမ်းပဲ နေ့တိုင်းပဲ သတိနဲ့နေရတယ်”

ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD အတွင်းရေးမှူး ပဒိုစောလောအယ်မူးနဲ့ ဆက်သွယ်မေးမြန်းချက်။ ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု တွေကြောင့် အခုနှစ်ပညာသင်နှစ်အတွင်းမှာ စာသင်ကျောင်း ၁၂ ကျောင်း ထိခိုက် ပျက်စီးခဲ့သလို ကျောင်းသား ကျောင်းသူတွေနဲ့ ဆရာဆရာမတွေလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာပါ။ ဒါကြောင့် KNU အုပ်ချုပ်နယ်မြေက စာသင်ကျောင်းတွေ တိုက်ခိုက်…

ဥရောပသမဂ္ဂက မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ ဆက်စပ်အစုအဖွဲ့တွေကို အရေးယူပိတ်ဆို့မှုတွေထပ်မံပြုလုပ်

သယ်ဟိတ်ချ်၊ ဖေဖော်ဝါရီ(၂၂) ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့အတူ ရွေးကောက်ခံဒေါ်အောင်ဆန်းစုကြည်အစိုးရကို အာဏာသိမ်းပြီး ကမ္ဘာလုံးဆိုင်ရာ အမျက်ဒေါသကို မီးမွှေးခဲ့တဲ့စစ်ကောင်စီကို ခြောက်ကြိမ်မြောက် ပိတ်ဆို့အရေးယူမှုကို ဥရောပသမဂ္ဂက ချမှတ်လိုက်ပါတယ်။ အသစ်ထုတ်ပြန်လိုက်တဲ့ ပိတ်ဆို့အရေးယူမှုတွေမှာ လူ ပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း၇ ခုပါဝင်ပြီး အဲဒီထဲမှာ စွမ်းအင်ဝန်ကြီးအပါအဝင် ထင်ရှားတဲ့ စီးပွားရေးသမားတွေ၊ အဆင့်မြင့်အရာရှိတွေ၊ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့…