Thanlwintimes

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်ကောက်မယ်လို့ စစ်ခေါင်းဆောင်ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅) နိုင်ငံရေးပဋိပက္ခတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေဟာ တိကျမှန်ကန်မှုရှိဖို့ အားနည်းချက်တွေရှိတဲ့ အတွက် စာရင်းဇယားအချက်အလက် မှန်ကန်စေရေး ပြည်လုံးကျွတ်သန်းခေါင်စာရင်း ပြန်လည်ကောက်ယူမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီအနေနဲ့ နိုင်ငံတော်အရေးပေါ်ကာလ ၆ လသက်တမ်းတိုးယူထားပြီးချိန်မှာ အသစ်ထပ်မံဖွဲစည်းတဲ့ ကောင်စီဝင်တွေနဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပထမဆုံးအကြိမ်ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။ စစ်ခေါင်းဆောင်က နောက်ဆုံးသန်းခေါင်စာရင်း…

Breaking – ဘုရားသုံးဆူမြို့ပေါ်မှာ တိုက်ပွဲ ပြင်းထန်နေ

ဘုရားသုံးဆူ၊ ဖေဖော်ဝါရီ ၂၅ စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ထဲမှာ ဒီကနေ့ မနက်အစောပိုင်းက တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံရဲစခန်း မီးလောင်ပြာကျသွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆) နယ်မြေထဲမှာရှိတဲ့ ဘုရားသုံးဆူမြို့ ရဲစခန်းဘက်မှာ ဒီကနေ့ ဖေဖော်ဝါရီလ(၂၅)ရက်နေ့ မနက်(၆)နာရီအချိန်ခန့်စကပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့တာပါ။ ဘုရားသုံးဆူတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က…

စစ်အာဏာသိမ်း (၇၅၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၀၃၀ဦးအထိရှိလာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၅) AAPP ရဲ့ ဖေဖော်ဝါရီ(၂၄)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၅၄)ရက်အတွင်း ပြည်သူ (၃၀၃၀)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၁၉၈၆၆ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

စစ်ကောင်စီညွှန်ကြားချက်ကြောင့် ပြည်ပဆန်တင်ပို့သူတွေ ရပ်တည်ဖို့ခက်ခဲလာနိုင်

နေပြည်တော်၊ ဖေဖော်ဝါရီ(၂၅) ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့မှုမှရရှိတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ် မှတ်နှုန်းထားအတိုင်း လဲလှယ်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ပြည်ပဆန်တင်ပို့သူတွေ ရပ်တည်ဖို့ ခက်ခဲလာနိုင်တယ်လို့ စီးပွားရေးပညာရှင်နဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေတဆင့် ဆန်နဲ့ဆန်ထွက်ပစ္စည်းတင်ပို့မှုမှရရှိတဲ့ ပို့ကုန်ဝင်ငွေရဲ့ (၆၅) ရာခိုင်နှုန်းကို စစ်ကောင်စီဗဟိုဘဏ် သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနက…

မွန်ပြည်နယ်မှာ မူးယစ်းဆေးဝါးသုံးစွဲမှု စိုးရိမ်ဖွယ်မြင့်တက်လာ

မော်လမြိုင်၊ ဖေဖော်ဝါရီ(၂၅) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီဘက် ရှာဖွေထုတ်ဖော်ဖမ်းဆီးမှု မရှိသလောက် နည်းပါးလာတာကြောင့် မူးယစ်းဆေးဝါး သုံးစွဲမှု စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ လူငယ်အရေးဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မူးယစ်ဆေးဝါးတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း ကျေးလက်တွေနဲ့ မြို့ပြတွေမှာပါ သုံးစွဲမှု သိသိသာသာမြင့်တက်လာသလို အလွယ်တကူဝယ်လို့ရတဲ့ အခြေအနေအထိ ဖြစ်ပေါ်လာတာပါ။ လူငယ်အရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေအဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက်…

စစ်ကောင်စီလက်ထက် မြန်မာနဲ့တရုတ်အကြား တရားမဝင်ကုန်သွယ်မှု ကြီးထွားလာ

ရန်ကုန်၊ ဖေဖော်ဝါရီ(၂၅) ၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လတာအတွင်း မြန်မာ-တရုတ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ကွာဟနေတာဟာ နှစ်နိုင်ငံအကြား တရားမဝင်တင်ပို့မှု ဒါမှမဟုတ် တရားမဝင်ကုန်သွယ်မှု ကြီးထွားနေတာကို ရည်ညွှန်းနေတယ်လို့ ISP-Myanmar က ဖေဖော်ဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်ပါတယ်။ နှစ်နိုင်ငံထုတ်ပြန်ချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ရာမှာ စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဧပြီကနေ နိုဝင်ဘာအထိ…

ကော့သောင်းတိုက်ပွဲကြောင့် ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရ

ကော့သောင်း၊ ဖေဖော်ဝါရီ(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်ထဲက တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ ၁၀၀၀ နီးပါးဟာ ထိုင်းနိုင်ငံနဲ့ နယ်စပ်တောတောင်တွေထဲမှာ ထွက်ပြေးပုန်းရှောင်နေရတယ်လို့ ကော့သောင်းမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့စပြီး KTLA တပ်နဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ ကော့သောင်းမြို့နယ် ဝိုင်ဒင်း၊ ပါကလပ်၊ တပ်ဦးမြိုင်သာယာကျေးရွာဘက်ကို စစ်ကောင်စီတပ်…

ကမ္ဘာပေါ်မှာ တောင်ကိုရီးယားနိုင်ငံက ကလေးမွေးဖွားမှုနှုန်း အနည်းဆုံးနိုင်ငံဖြစ်လာ

ဆိုးလ်၊ ဖေဖော်ဝါရီ(၂၅) တောင်ကိုရီးယားရဲ့ ကလေးမွေးဖွားနှုန်းဟာ တစ်ဖန်ပြန်လည်ကျဆင်းသွားခဲ့ပြီး ကမ္ဘာပေါ်မှာ အနိမ့်ဆုံးမွေး ဖွားနှုန်းဖြစ်လာတယ်လို့ သတင်းတွေမှာဖော်ပြထားပါတယ်။ Statistics Korea ရဲ့ အဆိုအရ တောင်ကိုရီးယားအမျိုးသမီးတစ်ဦးရဲ့ မျိုးပွားမှုသက်တမ်းတစ်လျှောက် မျှော်မှန်းထားတဲ့ ကလေးပျမ်းမျှအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ဝ.၈၁ရာခိုင်နှုန်း မှ ၂၀၂၂ ခုနှစ်တွင် ဝ.၇၈ရာခိုင်နှုန်းသို့ လျော့ကျသွားခဲ့ကြောင်း သိရပါတယ်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)အဖွဲ့ဝင် နိုင်ငံတွေထဲမှာ…

ထိုင်းနိုင်ငံ နျူကလီးယားရေငုပ်သင်္ဘောရရှိဖို့ ဩစတြေးလျကူညီမယ်လို့ပြော

ဘန်ကောက် – ဖေဖော်ဝါရီ(၂၅) အိမ်နီးချင်းနိုင်ငံတွေကြား နိုင်ငံရေးမတည်မငြိမ်မှုတွေဖြစ်လာချိန်မှာ စုပေါင်းလုံခြုံရေး တိုးမြှင့် တဲ့အနေနဲ့ ထိုင်းနိုင်ငံအတွက် နျူကလီးယားရေငုပ်သင်္ဘောအသစ်ရရှိနိုင်ဖို့ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးကကူညီပေးဖို့ ရှိတယ်လို့ ပြောခဲ့ပါတယ်။ မနီလာမြို့ကိုရောက်နေတဲ့ ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာ့စ်က AFP နဲ့ အင်တာဗျူးမှာ ရေငုပ်သင်္ဘောကိစ္စထည့်သွင်းပြောခဲ့တာဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် ပရရွတ် ချန်အိုချာနဲ့ တွေ့ဆုံချိန်မှာ ဆွေးနွေးဖို့ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို (ထိုင်း)…

ကမ္ဘာကြီးအဆုံးသတ်သွားနိုင်လောက်တဲ့ နျူဒုံးကျည်ကို တိုက်ခိုက်ရေးဇုန်မှာထားမယ်လို့ ပူတင် ခြိမ်းခြောက်

မော်စကို – ဖေဖော်ဝါရီ(၂၅) ရုရှား သမ္မတ ဗလာဒီမာပူတင်ဟာ ကမ္ဘာကြီးအဆုံးသတ်စေနိုင်တဲ့ Satan-2 နျူကလီးယားပစ်နိုင် တဲ့ ဒုံးကျည်တွေကို တိုက်ခိုက်ရေးနေရာတွေကို စေလွှတ်သွားဖို့ရှိနေတယ်လို့ ပြောပါတယ်။ အဖမြေကာကွယ်သူနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကရင်မလင်ရဲ့ ပေါ်ပေါက်လာမယ့် စစ်ရေးအစီ အစဉ်တွေနဲ့ပတ်သက်ပြီး သမ္မတပူတင်ရဲ့ လူသိရှင်ကြားပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ် လာတာပါ။ ကြီးမားတဲ့ ဒုံးကျည်အသစ်ပါတဲ့ Saeamat ဆာရာမတ်ဒုံးကျည်စနစ်ရဲ့ ပထမဆုံးပစ်လွှတ်မယ့်…