Thanlwintimes

ထားဝယ်အထူးစီးပွားရေးဇုန် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာ

ရေဖြူ၊ ဒီဇင်ဘာ (၂၇) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်လုံခြုံရေး ရဲကင်းစခန်း တိုက် ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၁၅ ဦးဝန်းကျင်လောက် ထိုင်ချထားတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်က စစ်ကောင်စီ ရဲကင်းစခန်းကို ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လာရောက်တိုက်ခိုက်ခဲ့တာပါ။ ရဲကင်းစခန်းတိုက်ခံရပြီးနောက်…

ရေစကြိုမှာ နှစ်လအတွင်း ဒေသခံနေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီမီးရှို့ဖျက်ဆီး

ရေစကြို – ဒီဇင်ဘာ(၂၇) မကွေးတိုင်း ရေစကြိုမြို့နယ်က ပြည်သူပိုင်နေအိမ် (၁၆၀) ကျော်ကို စစ်ကောင်စီတပ်တွေက နှစ်လအတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။ ပခုက္ကူ-မန္တလေး အောင်မိုးလမ်းဆုံက စားသောက်ဆိုင်ကြီး(၂) ဆိုင်အပါအဝင် ကျေးရွာ (၁၂) ရွာက နေအိမ် (၁၆၂) လုံးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ(၇) ရက်နေ့ကနေ ဒီဇင်ဘာလ(၂၆) ရက်အတွင်း…

ထိုင်ဝမ်က မဖြစ်မနေ စစ်မှုထမ်းရမယ့်ကာလကို တစ်နှစ်အထိတိုးမြှင့်

ထိုင်ဝမ်၊ ဒီဇင်ဘာ(၂၈) ထိုင်ဝမ်မှာ တရုတ်ရဲ့ရန်လိုနေတဲ့ ခြိမ်းခြောက်မှုတွေကြောင့် စစ်မှုထမ်းရမယ့်ကာလကို (၄)လသက်တမ်း ကနေ တစ်နှစ်အထိတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒီမိုကရက်တစ်ထိုင်ဝမ်ဟာ ဘေဂျင်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံးသိမ်းယူမယ့် အန္တရာယ်တွေကြားမှာရောက်ရှိနေတာ ဖြစ်ပါတယ်။ တရုတ်သမ္မတ ရှီကျင်းဖျင်လက်ထက်မှာ တရုတ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ မကြာသေးမီနှစ်တွေအတွင်း ပိုပြင်းထန်လာပြီး ရုရှားကယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့သလို ဘေဂျင်းကလည်း ထိုင်ဝမ်ကျွန်းကို သိမ်းယူဖို့ အလားတူပြုလုပ်လာမှာကို…

မြောက်ကိုရီးယား ကင်းထောက်ဒရုန်းတွေကို ဆိုးလ်နဲ့ တခြားမြို့တွေအထိ ပစ်လွှတ်ထား

ပြုံယမ်း – ဒီဇင်ဘာ(၂၈) တောင်ကိုရီးယားနိုင်ငံထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က မြောက်ကိုရီးယားပိုင် ဒရုန်းတွေ ဝင်ရောက်ပျံသန်းလာခဲ့တဲ့အတွက် ဂျက်လေယာဉ်တွေ၊တိုက်ခိုက်ရေးရဟတ်ယာဉ်တွေအသုံး ပြု ပြီး ပစ်ချဖို့ လုပ်ဆောင်ခဲ့ရတယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ ဒရုန်း(၅) စင်းထဲက တစ်စင်းဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ် အနီး အထိပျံသန်းလာပြီး နောက်(၄) စင်းကတော့ အနောက်ဘက်ကမ်းရိုးတန်းကို ပျံသန်းသွားတာပါ။ ဒီဖြစ်စဉ်ကို…

အင်ဒိုနီးရှာမှာ ရိုဟင်ဂျာဒုက္ခသည်လှေ ဆိုက်ကပ်လာပြီးနောက် အရေးပေါ် ဆေးဝါးကုသမှုခံယူ နေရ

ဂျကာတာ – ဒီဇင်ဘာ(၂၈) အင်ဒိုနီးရှားနိုင်ငံကို လူ(၂၀၀) နီးပါးတင်ဆောင်လာတဲ့ လှေတစ်စင်း ဒီဇင်ဘာလ(၂၆) ရက်နေ့က ကမ်းကပ်လာပြီးနောက် ဒုက္ခသည်တွေဟာ အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရတယ်လို့ အာဏာ ပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နှစ်စဉ်ဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာ အများစုဟာ မလေးရှာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေကို ရှည်လျားတဲ့ ပင်လယ်ရေကြောင်း ခရီးနဲ့ သွားရောက်ဖို့ ကြိုးပမ်းနေတာကြောင့် အသက် အန္တရာယ် ကြုံတွေ့နေကြရတာပါ။…

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) နယ်မြေမှာ NUG က ကျန်းမာရေးစစ်ဆေးပေး

ကော့ကရိတ် – ဒီဇင်ဘာ(၂၇) ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၆) ရဲ့ ရှေ့တန်းနယ်မြေ တနေရာမှာ တော်လှန် ရေးရဲဘော်တွေကို ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၆) ရက်နေ့က NUG လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့(S.O.F) ရဲဘော် ရာဂဏန်းကို သွေးအမျိုးအစား စစ်ဆေးတာ၊ နှလုံးနဲ့ ခန္ဓာကိုယ်ကြံ့ခိုက်မှု စစ်ဆေးတာ၊ အသည်းရောင်အသားဝါ…

ရေးမြို့နယ်မှာ ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံရ

ရေး – ဒီဇင်ဘာ(၂၇) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအနီးမှာ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၉ နာရီလောက်က ကျောင်းပို့ပြီး ပြန်လာတဲ့ စစ်ကားတစ်စီး တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကျောင်းရွာကျေးရွာရှိ အထက်တန်းကျောင်းကို ကျောင်းလာပို့ပြီး ပြန်လာတဲ့ ရေးမြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၅၉၁)တပ်ရင်း စစ်ကားကို ရေးဘီလူးအဖွဲ့က…

“PR စနစ်ကို တမင်တကာထည့်လာတာတော့ ဒါကလုံးဝအဆီအငေါ်မတည့်တဲ့ဟာတွေပဲ ဖြစ်တယ်။ ဘာမှလည်း သက်ရောက်မှုရှိမှာလည်း မဟုတ်ဘူး။ အနာတခြား ဆေးတခြား…”

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့် ပဒိုစောတောနီးနဲ့ ဆက်သွယ်မေးမြန်းချက်။ အာဏာသိမ်း စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်ရဖို့အတွက် လာမယ့် ၂၀၂၃ ခုနှစ်မှာအထွေထွေရွေး ကောက်ပွဲကျင်းပဖို့ အပြင်းအထန်ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲ အတွက် နေပြည်တော်ကောင်စီနယ်မြေနဲ့ ရန်ကုန်မြို့အပါအဝင်တိုက်ပွဲမရှိတဲ့ တိုင်းနဲ့ပြည်နယ်တစ်ချို့က မြို့ပြတွေမှာ မဲစာရင်းကောက်ယူတာတွေနဲ့ မဲရုံတည်နေရာ သတ်မှတ်တာတွေ ပြင်ဆင်လာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီက ကျင်းပသွားမယ့် ရွေးကောက်ပွဲအပေါ်…

ကော့ကရိတ်တိုက်ပွဲကြောင့် ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးနေရ

ကော့ကရိတ်၊ ဒီဇင်ဘာ (၂၇) ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးဝန်းကျင်တစ်ဝိုက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တာအပြင် လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ(၆)ရွာက ဒေသခံပြည်သူ (၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူ တွေထံကနေ သိရပါတယ်။ ကော့ကရိတ်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၆)ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ KNLA PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲဟာ ဒီကနေ့ ဒီဇင်ဘာလ(၂၆) ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေတာပါ။…