TLT Tv||- ၂၀၂၃ ခုနှစ် မတ်လ(၂၁) ရက် အင်္ဂါနေ့ ည(၈)နာရီ သတင်း တိုက်ရိုက်ထုတ်လွှင့်မှု
https://youtu.be/Jj-JEvYDQII
https://youtu.be/Jj-JEvYDQII
မော်လမြိုင် – မတ်(၂၁) တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုရဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ လူမဆန်တဲ့ လုပ်ဆောင်မှုတွေ၊ သတ်ဖြတ်မှုတွေကို တားဆီးနိုင်ဖို့ ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုတယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီနေ့ မတ်လ(၂၁) ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(၁၁)ကြိမ် မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “မြန်မာ့အရေးအတွက် တရုတ်နိုင်ငံရဲ့ကြား၀င်လုပ်ဆောင်ပေးမှုကိုလည်း ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုပါတယ်။…
ရေစကြို – မတ်(၂၁) မကွေးတိုင်း၊ ရေစကြိုမြို့နယ်ကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာကြောင့် Myingyan Black Tiger ရဲ့ စခန်းစွန့်ခွာပေးလိုက်ရတယ်လို့ ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၁၈) ရက်နေ့က စခန်းကို စွန့်ခွာပေးလိုက်ရတာ ဖြစ်ပြီး လက်ရှိမှာတော့ အင်အား (၂၀၀) ဝန်းကျင်ပါတဲ့ စစ်ကောင်စီ ဘီလူးကွန်မန်ဒိုတွေကို ခုခံဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။…
မော်လမြိုင်၊ မတ်(၂၁) မွန်ပြည်နယ်မှာ မတ် ၁၆ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၅ ရက်အတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်မှု ၃ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မတ် ၁၆ ရက်နေ့က ရေးမြို့နယ် ရန်ကြီးအောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးဟာ နေအိမ်အတွင်း ဆွဲကြိုးချ အဆုံးစီရင်ခဲ့သလို မတ် ၁၇…
မော်လမြိုင်၊ မတ်(၂၁) AAPP ရဲ့ မတ်(၂၀)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၇၈)ရက်အတွင်း ပြည်သူ (၃၁၄၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၇၀၃ဦးအထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၂) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
ညောင်လေးပင်၊ မတ်(၂၁) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ် ဆက်တိုက်ကျူးလွန်နေပြီး ၂၀၂၃ ခုနှစ်အတွင်း အဆုံးဝါးဆုံး အခြေအနေတွေအထိ ရောက်ရှိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က သံလွင်တိုင်းမ်ကို ပြောပါတယ်။ KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား…
နေပြည်တော် ၊ မတ် (၂၁)အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာကျောက်မျက်တရတနာပြပွဲကနေ နိုင်ငံခြားဝင်ငွေ ရှာဖွေနေပြီး ဒီဝင်ငွေတွေဟာ လူထုတွေအပေါ် စစ်ရာဇဝတ်မှု ထပ်မံကျုးလွန်ဖို့ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေးအဖွဲ့ Blood Money က သတိပေးလိုက်ပါတယ်။ စစ်ကောင်စီဟာ ၅၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ နေပြည်တော်မှာ ခင်းကျင်းပြသနေပြီး…
လောင်းလုံး၊ မတ်(၂၁) တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့ဘဲအင်းကျေးရွာထဲ ဝင်ရောက် လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံနေအိမ်တဲအလုံး ၂၀ ထက်မနည်း မီးရှို့ဖျက်ဆီးပြီးနောက် အမျိုးသမီး ၂ ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၁၉ ရက်နေ့က ဘဲအင်ကျေးရွာထဲ ရောက် ရှိပြီးနောက်…
ရသထုံ၊ မတ်(၂၁) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံကားလမ်းပေါ်မှာ မတ် ၁၉ ရက်နေ့က စစ်ကောင်စီယာဉ်တန်းနဲ့ ကင်းစခန်းတွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ အဲဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်းလာတဲ့ စစ်ကောင်စီကား ၂ စီးကို ဝါးဘိုတောကျေးရွာနဲ့ ဒူးရင်းဆိပ်ကျေးရွာအကြားမှာ…
မော်လမြိုင် – မတ်(၂၀) အမျိုးသားညီညွတ်ရေးအစိုးရက ရတနာစီမံကိန်းနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေကို PTT ဆီပေး ပို့ထားပြီး တောင်းဆိုချက်တွေကို ပူးပေါင်းလုပ်ဆောင်တာမရှိရင် စင်္ကာပူနိုင်ငံ အနုညာတ တရားရုံး မှာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးဆိုင်ရာအငြင်းပွားမှုအဖြစ် တရားဝင်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေနဲ့အညီ လူထုရဲ့ အခြေခံ လူ့အခွင့်အရေး ဂုဏ်သိက္ခာတွေ ကျဆုံးခဲ့ရမှုအပေါ် မူတည်ပြီး…