Radio Than Lwin Times(25/3)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/WtMHUrzhqFQ
စလင်း – မတ်(၂၉) မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီက ကင်းပွန်းခြုံကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးမှုတွေကြောင့် ပြည်သူ (၃၀၀) ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၈) ရက်နေ့ မနက်အစောပိုင်းကစပြီး နေ့လည်ပိုင်းအထိ စစ်ကောင်စီနဲ့ ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ပြည်သူတွေရဲ့ ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့တာပါ။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့…
ဘော်လခဲ – မတ်(၂၉) ကယားပြည်နယ်၊ သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ စစ်ကောင်စီရဲ့ ထိုင်း-မြန်မာနယ်စပ် ခြေကုပ် စခန်းတစ်ခုဖြစ်တဲ့ BP-11 စခန်းကို သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် KA အမှတ်-၅ တပ်ရင်းက မတ်လ(၂၈) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မတ်လ(၂၄) ရက်နေ့က KA အမှတ်(၅) တပ်ရင်းနဲ့ စုပေါင်းတပ်က စစ်ကောင်စီ တပ်စခန်းကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ…
ဖားအံ၊ မတ်(၂၉) ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီတပ် ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၂၀၀ ကျော် သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်တဲ့ အစီရင်ခံစာ အချက်အလက်တွေအရ သိရပါတယ်။ “မြန်မာစစ်တပ်ရဲ့ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှုပျောက်ဆုံးနေသော လူသားဘဝများ”ဆိုတဲ့ အစီရင်ခံစာကို မတ်…
မော်လမြိုင်၊ မတ်(၂၉) AAPP ရဲ့ မတ်(၂၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၈၆)ရက်အတွင်း ပြည်သူ (၃၁၇၁)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၀၉၀၈ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၄) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…
မော်လမြိုင်၊ မတ်(၂၉) ကရင်ပြည်နယ် အာရှလမ်းမကြီးတလျှောက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ် ရေး ရပ်ဆိုင်းလုနီးပါးဖြစ်လာပြီး တရားမဝင်ကုန်သွယ်မှု အနည်းငယ်သာ ကျန်ရှိတော့တယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ (၂၅)ရက်နေ့ကစပြီး အာရှလမ်းမကြီး တစ်လျှောက် ကော့ကရိတ်၊ ကျုံဒိုးမြို့နဲ့ မြဝတီကုန်သွယ် ရေးဇုန်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို…
နေပြည်တော် ၊ မတ် (၂၈) အတိုက်အခံအဖွဲ့အစည်းတွေကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAOs) တချို့ကို စစ်ခေါင်းဆောင်ရဲ့ စစ်ကြေညာမှုကြောင့် ပြည်တွင်းစစ်မီး ပိုမိုကြီးထွားလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က ဖက်ဆစ်တော်လှန်ရေးနေ့လို့ မှတ်ယူထားတဲ့ စစ်ကောင်စီရဲ့ တပ်မတော်နေ့မှာ စစ်ခေါင်းဆောင်က NUG ၊ PDF ပံ့ပိုးပေးနေတဲ့ EAOs တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သူရဲ့မိန့်ခွန်းမှာ…
ကျိုက်ထို၊ မတ်(၂၉) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံးလေးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မတ် ၂၇ ရက်နေ့ ည ၉ နာရီအချိန်လောက်မှာ မရမ်းချောင်းကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ က မဲရုံးလေးကျေးရွာထဲကို လက်နက်ကြီး…
ဘုတ်ပြင်း၊ မတ်(၂၉) တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ မသေရွာကျေးရွာအုပ်စု၊ ဝါးကျွန်းကျေး ရွာရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ်စခန်းတစ်ခုကို မတ် ၂၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တပ်ဖွဲ့ဝင်အင်အား ၁၅ ဦးနီးပါး နေထိုင်တဲ့ စစ်ကောင်စီ ပြည်သူ့စစ်စခန်းကို အဲဒီနေ့ မနက် ၂ နာရီလောက်မှာ ဘုတ်ပြင်းမြို့နယ်နဲ့ ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက်…