Thanlwintimes

သက်ဆင်သမီးအပါအဝင် သုံးဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် ဖီယူထိုင်း ပါတီကြေညာ

ဘန်ကောက် – ဧပြီ(၆) လာမယ့်ထိုင်းရွေးကောက်ပွဲအတွက် ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ သမီးဖယ်တုံတန် ရှင်နာ ဝါထရာ၊ပါတီအကြံပေးပုဂ္ဂိုလ် ဆရတ်ထာ ထာဗီဆင်နဲ့ ချိုင်ကဆင်မ် နီတီဆီရီ တို့ကို ဖီယူထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းတွေအဖြစ်ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ် ပရာရွတ်အနေနဲ့ ဝန်ကြီးချုပ်ရာထူးကို ထပ်မံသက်တမ်းတိုးဖို့ နည်းလမ်း ရှာဖွေနေ ပြီး ဇန်နဝါရီလ အစောပိုင်းမှာ မဟာမိတ်ပြုမှုတွေကို အသွင်တစ်မျိုးကူပြောင်းခဲ့တာနဲ့ အတူ နိုင်ငံရေးအရ ရုန်းကန်မှုတွေပေါ်ထွက်လာသေးတာပါ။ ပရာရွတ်အနေနဲ့…

“အကြမ်းဖက်မင်းအောင်လှိုင် စစ်တပ်လက်အောက်က အေဂျင်စီတွေ၊ စစ်တပ်ကလာတဲ့သူတွေ ရှယ်ယာဝင်ထားတဲ့ ကုမ္ပဏီ တွေဖြစ်တဲ့အတွက် ဖြေရှင်းပေးခြင်းမရှိဘူး။ အလုပ်သမားတွေ နစ်နာတယ်။ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လာမယ် ဆိုရပ်လိုက်ပါ”

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုရဲမင်းနဲ့ ဆက်သွယ်မေးမြန်းချက်။ ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအ လုပ်သမား (၁၅၀၀)နီးပါးဟာ အခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံနေရတာတွေ ဆက် တိုက်ဖြစ်ပွားနေပါတယ်။ ဒါကြောင့် MOU မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရတဲ့ အခြေအနေ၊ အလုပ်သမား တွေ လတ်တလော ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး…

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲတွေနေ့စဉ်ရက်ဆက် ဖြစ်ပွားနေ

တနင်္သာရီ၊ ဧပြီ(၆) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတို့ကြား တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ တနင်္သာ ရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တနင်္သာရီမြို့နယ် ရေဖြူကျေးရွာရှိ စစ်ကောင်စီ ဗျူဟာကုန်းကို တော်လှန်ရေးအင်းအာစု ပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်း ထိုးစစ်ဆင်လာတဲ့အတွက် ပြီးခဲ့တဲ့ မတ်…

စစ်အာဏာသိမ်း (၇၉၄) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၂၁၂ ဦးအထိရှိလာ

မော်လမြိုင်၊ ဧပြီ(၆) AAPP ရဲ့ ဧပြီ(၅)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၇၉၄)ရက်အတွင်း ပြည်သူ (၃၂၁၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၂၂၂ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၃၈၄၅) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄…

“ကိုကိုးကျွန်း စစ်စခန်းတည်ဆောက်မှု တရုတ်ပါဝင်နေသလား”

ကိုကိုးကျွန်း ၊ ဧပြီ (၆) မြန်မာပိုင်နက်ဖြစ်တဲ့ ကိုကိုးကျွန်းမှာ လေယာဉ်ပြေးလမ်းတိုးချဲ့တာတွေ၊ သိုလှောင်ရုံနဲ့ ရေဒါစခန်းအပါအဝင် စစ်ရေးဆိုင်ရာ အဆောက်အအုံသစ်တွေ တည်ဆောက်မှုတွေမှာ တရုတ်ပါဝင်နိုင်တယ်ဆိုတဲ့ သံသယတွေ ထွက်ပေါ်လာနေတယ်လို့ နိုင်ငံတကာသတင်းဌာနတချို့က ဖော်ပြပါတယ်။ နည်းပညာကုမ္ပဏီ Maxar Technologies ကနေ ဇန်နဝါရီမှာ ထုတ်ပြန်တဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ကိုကိုးကျွန်းပေါ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးမြှင့်တည်ဆောက်နေတဲ့ပုံတွေကို ပြသနေတာ ဖြစ်ပါတယ်။ လန်ဒန်အခြေစိုက်…

စစ်ကောင်စီကူညီပေးမယ့်အစီအစဉ်ကို နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေ အယုံအကြည်မရှိ

မော်လမြိုင် ၊ ဧပြီ (၆) ပြည်ပနိုင်ငံအသီးသီးကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်ပြန်ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းတွေ တည်ထောင်နိုင်သူတွေဖြစ်အောင် ကူညီပံ့ပို့ပေးသွားမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ထုတ် ပြန်ကြေညာမှုအပေါ် အယုံအကြည်မရှိဘူးလို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံး (ဘန်ကောက်)က ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှာ နေရပ်ပြန် ရွှေ့ပြောင်းလုပ်သားတွေကို အသိပေးချက်ဆိုတဲ့စာတစ်စောင် ထုတ်ပြန်ကြေညာခဲ့တာပါ။…

ကျိုက်ထိုမှာ တပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရ

ကျိုက်ထို၊ ဧပြီ(၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးမှာ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး ပစ်သတ်ခံရတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။ ဧပြီ(၅)ရက် မနက် ၆ နာရီလောက်မှာ တပ်စွဲထားတဲ့ အင်္ဂဘိုကျေးရွာ သုသာန်အနီးကနေ ထွက်လာတဲ့ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း…

BGF ထိန်းချုပ် ရွှေကုက္ကိုလ်မြို့သစ်အနီး တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဧပြီ(၆) စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်အနီး ပတ်ဝန်းကျင်နေရာတွေမှာ ဧပြီ(၅)ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီ BGF နဲ့ တော်လှန် ရေး အင်အားစုပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့မြောက်ဘက်ခြမ်းက ရွှေကုက္ကိုလ်မြို့သစ်အနီး ထီ့ကော်ထော၊ ထီးချရား၊ ထီးဝါးပလော ကျေးရွာထဲမှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ရဲ့ ဂိတ်စခန်းနဲ့…