အီးဒ်ပွဲတော်နေ့မှာ နိုင်ငံတဝှမ်းက အစ္စလာမ်ဘာသာဝင်အပေါင်း ဘေးကင်းစေဖို့ CRPH သဝဏ်လွှာ ပို့
မော်လမြိုင် – ဧပြီ(၂၂) အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လတာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးနောက် ပြုလုပ်ကျင်းပတဲ့ အီဒုလ်ဖိသိရ်ဝါကျွတ် အီးဒ်ပွဲတော်နေ့မှာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အပေါင်း စိတ်နှလုံးအေးချမ်းသာယာပြီး ဘေးကင်းပါစေကြောင်း ဆုတောင်းစကားပါးအပ်တယ်လို့ CRPH က သဝဏ်လွှာပေးပို့ထားပါတယ်။ ဒီနေ့ ဧပြီလ(၂၂) ရက်နေ့မှာ ကျရောက်တဲ့ အီးဒ်ပွဲတော်နေ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။ ခေတ်အဆက်ဆက်မှာ…
