“ကိုယ်ကျိုးစီးပွားတွေပိုပြီးတော့ ရှေ့ ရောက်လာပြီး ပြည်သူလူထုနဲ့ပိုပြီး ကင်းကွာကင်းကွာတာ။ အဲဒီအချက်တွေ ကြောင့် နိုင်ငံကနောက်ကောက်ကျနေပြီ”
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ ရာခိုင်နှုန်းသာရှိတဲ့အတွက် အခြားသော အာဆီယံဒေသတွင်း နိုင်ငံတွေနဲ့ယှဉ်ရင် အနိမ့်ဆုံးအနေအထားကို ရောက်ရှိလာနိုင်တယ်လို့ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က ခန့်မှန်းပါတယ်။ OECD က ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ GDP ဟာ အနှုတ်လက္ခဏာပြခဲ့ပြီး ၂၀၂၂ ခုနှစ်မှာတော့…
