ပဇီကြီး လေကြောင်းတိုက်ခိုက်မှု အာဆီယံ ပြင်းထန်စွာရှုတ်ချ
ကန့်ဘလူ – ဧပြီ(၁၃) စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးမှုအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့ အာဆီယံဥက္ကဋ္ဌက သတင်းထုတ်ပြန်ထားပါတယ်။ စစ်အာဏာရှင်စနစ်ကို ခုခံတော်လှန်မှုအားကောင်းတဲ့ နယ်မြေတစ်ခုဖြစ်တဲ့ ပဇီကြီးကျေးရွာမှာ ဧပြီ (၁၁) ရက်နေ့ မနက်အစောအပိုင်းက ပ.က.ဖ ရုံးဖွင့်ပွဲ ကျင်းပနေချိန်မှာ စစ်ကောင်စီ လေတပ်ကနေ…
