မြန်မာ့အရေးဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ခြွင်းချန်ထားလို့မရတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တယ်လို့ NLD ထုတ်ပြန်
ရန်ကုန် – ဇွန်(၁၉) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေး ပြဿနာတွေကို ဖြေရှင်းရာ မှာ ခြွင်းချန်ထားလို့မရတဲ့ အရေးပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ ဇွန်လ(၁၉) ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈) နှစ်မြောက် မွေးနေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတစ်ရပ်လုံး ချစ်ခင်မြတ်နိုးမှု၊ယုံကြည်အားကိုးမှုတို့ကြောင့်…
