ကျွန်းစုတိုက်ပွဲမှာ PDF ရဲဘော် နှစ်ဦး ကျဆုံး
ကျွန်းစု၊ ဇန်နဝါရီ ၂၀ တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဘဒ္ဒနဲကျေးရွာအုပ်စုမှာ ၁၀ ရက်ကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း PDF ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ထံကနေ သိရပါတယ်။ ဘဒ္ဒနဲကျေးရွာအုပ်စုအတွင်းကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်သင်္ဘောနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့အကြား ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်နဝါရီ ၁၁ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ…
