September 26, 2026

Patriot ဒုံးကျည်ထုတ်လုပ်ရေး အမေရိကန်က ယူကရိန်းကို ခွင့်ပြုပြီလို့ ဇီလန်စကီး ပြော

ကိဗ်၊ စက်တင်ဘာ ၂၆ Patriot ဒုံးကျည် ထုတ်လုပ်ရေး ယူကရိန်းကို အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ခွင့်ပြုမှာ ဖြစ်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စက်တင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။ ရုရှားရဲ့ အညှာအတာမဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ကာကွယ်ရေး ယူကရိန်း ခက်ခက်ခဲခဲ ကြိုးပမ်းနေရချိန်မှာ ဒါက…

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ ပါကစ္စတန်၊ ဆော်ဒီနဲ့ တူရကီ ကတိပြု

ရာဝယ်ပင်ဒီ၊ စက်တင်ဘာ ၂၆ ဒေသဆိုင်ရာ တင်းမာမှုများ ရှိနေချိန် မက္ကာ ပူးတွဲ ကာကွယ်ရေး သဘောတူညီမှုပါ ကတိကဝတ်တွေကို ထိရောက်တဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအဖြစ် ချက်ချင်း ပြောင်းလဲရေး ဆုံးဖြတ်ထားကြောင်း ပါကစ္စတန်၊ ဆော်ဒီအာရေးဗီးယားနဲ့ တူရကီတို့ ကတိပြုလိုက်ပါတယ်။ စက်တင်ဘာ ၂၅ရက်က ရီးယာ့ဒ်မြို့မှာ မက္ကာ ကာကွယ်ရေး သဘောတူညီမှု ဆိုင်ရာ နိုင်ငံတွေရဲ့ ကာကွယ်ရေး…

ကင်းလွတ်ခွင့်ကလွဲရင် ကျန်သူတွေ အလှည့်ကျ စစ်မှုထမ်းရမယ်လို့ စစ်အစိုးရ ပြော

နေပြည်တော် ၊ စက်တင်ဘာ ၂၆ အာဏာသိမ်း စစ်တပ်ရဲ့ မြေပြင်တိုက်ခိုက်ရေးအင်အားကို ဖြည့်တင်းပေးနေတဲ့ စစ်မှုထမ်းနဲ့ပတ်သက်ပြီး ကင်းလွတ်ခွင့် ရရှိနိုင်တဲ့သူတွေကလွဲရင် ကျန်တဲ့သူတွေ အလှည့်ကျ တာဝန်းထမ်းဆောင်ရမယ်လို့ စစ်အစိုးရခန့် ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်မျိုးသန့်က ပြောပါတယ်။ စက်တင်ဘာ ၂၄ ရက်က ကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးမှာ ဗိုလ်တထောင်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဝင်းထိုက်က စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး…

ဟောမု့ဇ် ရေလက်ကြားကို တစ်ပတ်အတွင်း ပြန်ဖွင့်ပေးမယ့် သဘောတူညီမှု အမေရိကန်ကို အီရန် အဆိုပြု

နယူးယောက်၊ စက်တင်ဘာ ၂၆ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီက သူ့နိုင်ငံအနေနဲ့ ဟောမု့ဇ် ရေလက်ကြားကို သီတင်းတစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ပေးမယ့် သဘောတူညီမှုကို အမေရိကန်ထံ အဆိုပြုထားကြောင်း ပြောပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂမှာ သတင်းထောက်တွေကို ပြောကြားချိန်မှာ လိုအပ်တဲ့ သတ်မှတ်ချက်တွေ ပြည့်မီခဲ့မယ်ဆိုရင် အဲဒီ သတ်မှတ်ချက်တွေဟာ ဇွန်လက လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာအတိုင်း ဖြစ်မယ်ဆိုရင်…

NUG အထူးတိုင်းစစ်ဌာနချုပ်ကို အတွင်းသတင်းပေးမှုကြောင့် ဗုံးကြဲခဲ့တာလို့ စစ်တပ် ဝါဒဖြန့်

နေပြည်တော်၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်မှာရှိတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အထူးတိုင်း စစ်ဌာနချုပ်ကို အတွင်းသတင်းပေးမှုကြောင့် လေကြောင်းကနေ ချေမှုန်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဒီကနေ့ထုတ် စစ်အစိုးရရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ စစ်အစိုးရကတော့ NUG အထူးတိုင်းစစ်ဌာနချုပ်ကို အတွင်းသတင်းတွေရဲ့ပူးပေါင်းမှုကြောင့် စနစ်တကျ ထောက်လှမ်းလေ့လာပြီး ဝေဟင်ကနေ ထိရောက်စွာ ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုထားပါတယ်။ NUG ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်တပ်ရဲ့…

ဘန်ကောက်မြို့ ခရိုင် ၅၀ လုံးကို ဘေးအန္တရာယ်ကျရောက်ရာ ဒေသအဖြစ် သတ်မှတ်

ဘန်ကောက် စက်တင်ဘာ ၂၆ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေပြီး ရေကြီးရေလျှံမှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ နေ့စဉ်လူနေမှုဘဝတွေ ထိခိုက်နေတဲ့အတွက် ဘန်ကောက်မြို့ရှိ ခရိုင် ၅၀ လုံးကို ဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ် တရားဝင် သတ်မှတ်လိုက်ပါတယ်။ ဘန်ကောက်မြို့တော်ဝန် ချတ်ချက် ဆစ်ထီပွန့်က စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ အဲဒီ အမိန့်ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး အစောပိုင်းက ဘေးအန္တရာယ်ကျရောက်ရာဒေသအဖြစ်…