ဘာလင်၊ ဇွန် ၂၃

ကီယာ စတာမာက ဗြိတိန် ဝန်ကြီးချုပ်ရာထူးကနေ နုတ်ထွက်ကြောင်း ဇွန် ၂၂ ရက်မှာကြေညာလိုက်ပြီးနောက် အရင်က ခေါင်းဆောင်တွေနဲ့ထက် သူနဲ့ အလုပ်တွဲလုပ်ရတာ ပိုလွယ်ကူတယ်လို့ မှတ်ယူထားတဲ့ ဥရောပခေါင်းဆောင်တွေကို သူ့ကို နွေးနွေးထွေးထွေး နှုတ်ဆက်ခဲ့ကြပါတယ်။

အီးယူကနေ ဗြိတိန် ထွက်ခွာရေး မဲခွဲဆုံးဖြတ်ပြီးနောက် ကွန်ဆာဗေးတစ် မဟုတ်တဲ့ ပထမဆုံးဝန်ကြီးချုပ် ဖြစ်သူ စတာမာက အဖွဲ့ဝင် ၂၇ နိုင်ငံရှိတဲ့ အီးယူထဲ ဗြိတိန် ပြန်ပါဝင်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချခဲ့ပါတယ်။

ဒါပေမဲ့ သူက ဗြိတိန် အီးယူက ထွက်ခွာပြီး နောက်ပိုင်း ဆက်ဆံရေး တိုးတက်အောင် ဆောင်ရွက်ခဲ့ပါတယ်။

ယူကရိန်းအတွက် ဥရောပက ထောက်ပံ့ကူညီရာမှာလည်း သူ့ရဲ့ “E3” အဖွဲ့ အပေါင်းအပါ ခေါင်းဆောင်တွေ ဖြစ်တဲ့ ပြင်သစ်သမ္မတ မက်ကရွမ်၊ ဂျာမနီ အဓိပဓိ ဖရက်ဒရစ် မာ့ဇ်တို့နဲ့ အတူ ဗြိတိန်ကို ဗဟိုချက်နေရာက ပါဝင်စေခဲ့ပါတယ်။

နိုင်ငံ့ခေါင်းဆောင် တစ်ဦး ဖြစ်လာဖို့ ခေါင်းဆောင်တွေအနေနဲ့ နှစ်တွေ အများကြီး ကြာအောင် ကြိုးပမ်းခဲ့ရပေမယ့် စတာမာအနေနဲ့ နှစ်နှစ်ပဲ အချိန်ယူခဲ့ရတယ်လို့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဇွန် ဒါလေယာက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

ခါးသီးလှတဲ့ အီးယူ ဗြိတိန် ထွက်ခွာမှု လူထု ဆန္ဒခံယူပွဲကြောင့် နိုင်ငံတွင်း သဘောထား ကွဲလွဲနေဆဲအချိန် စီးပွားရေး ထိုးကျနေတဲ့အချိန်မှာ လူကြိုက်မများတဲ့ အစိုးရရှိနေချိန် စတာမာဟာ ၂၀၂၄ ခုနှစ်က ဝန်ကြီးချုပ် နေရာရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ တခြား ဥရောပ ခေါင်းဆောင်တွေလိုပဲ စတာမာဟာ ခေတ်အလိုက်ရှိနေတဲ့ ပါတီတွေအပေါ် ယုံမှားသံသယရှိနေတဲ့ မဲပေးသူတွေရဲ့ ထောက်ခံမှု ရရှိဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။

ကီယာ စတာမာဟာ သူ့ရဲ့ ဝန်ကြီးချုပ် သက်တမ်းအတွင်း ဗြိတိန်နဲ့ ဥရောပသမဂ္ဂကြား ဆက်ဆံရေးအပြင် အိုင်ယာလန်-ဗြိတိန် ဆက်ဆံရေး ပြန်လည် တည်ဆောက်ရာမှာ ထင်ရှားတဲ့ နေရာက ပါဝင်ခဲ့တယ်ဆိုတာကို မိမိအနေနဲ့ အသိအမှတ်ပြုလိုကြောင်း အိုင်ယာလန် ဝန်ကြီးချုပ် မိုက်ကယ် မာတင်က ကြေညာချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းကို စတာမာက ထောက်ပံ့ ကူညီမှုဟာ ဘောရစ် ဂျွန်ဆန်လို အရင်က ကွန်ဆာဗေးတစ် ဝန်ကြီးချုပ်တွေရဲ့ နည်းလမ်းအတိုင်း လိုက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အမြဲ အဆက်အသွယ် မပြတ်ရှိနေခဲ့ပြီး လုပ်ဖို့လိုအပ်တဲ့ အရာတွေကို လုပ်ဆောင်ပေးခဲ့တဲ့ စတာမာကို ကျေးဇူးတင်ကြောင်း ယူကရိန်း သမ္မတ ဇီလန်စကီးက ပြောပါတယ်။

စတာမာကို ယူကရိန်းက အမြဲ ကြိုဆိုနေမှ ဖြစ်ကြောင်းလည်း သူက လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

စတာမာဟာ အမြဲပဲ ယုံကြည်စိတ်ချရပြီး ရင်းနီးတဲ့ လက်တွဲဖော် တစ်ယောက် ဖြစ်ခဲ့တယ်လို့ ဂျာမနီ အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါပေမဲ့ ဂျာမနီ အဓိပဓိ မာ့ဇ်ကိုယ်တိုင် စတာမာနဲ့ ပတ်သက်လို့ ပြောဆိုထားတာတော့ ထွက်ပေါ် မလာသေးပါဘူး။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ကတော့ စတာမာဟာ လူဝင်မှုကြီးကြပ်ရေးနဲ့ စွမ်းအင်တို့လို အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ကျရှုံးခဲ့တယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.