February 10, 2026

ထိုင်းရွေးကောက်ပွဲ အငြင်းပွားစရာ မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ရေး ပြည်သူ့ပါတီ ဖိအားပေး

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၀ ထိုင်းရွေးကောက်ပွဲအတွင်း ပုံမှန်မဟုတ်တဲ့ မဲပေးမှုတွေ ရှိခဲ့တဲ့ အငြင်းပွားစရာ မဲဆန္ဒနယ်တွေမှာ မဲပြန်လည် ရေတွက်ပေးရေး ပြည်သူ့ပါတီက ဖေဖော်ဝါရီ ၉ ရက်က တောင်းဆိုထား ပါတယ်။ အထူးသဖြင့် စာရင်းမဝင်တဲ့ မဲအရေအတွက် စံချိန်တင် များပြားပြီး ရာခိုင်နှုန်း အနည်းငယ်ပဲ ကွာဟမှု ရှိခဲ့တဲ့ လမ်ပန်းနဲ့ ခွန်ကာအန် မဲဆန္ဒနယ်တွေမှာ မဲပြန်လည်…

အမေရိကန်က ကျူးဘားကို အသက်ရှူကြပ်အောင် လုပ်နေတယ်လို့ ရုရှား စွပ်စွဲ

မော်စကို၊ ဖေဖော်ဝါရီ ၁၀ ကျူးဘာမှာ လောင်စာ အရေးပေါ် အခြေအနေ ကြုံတွေ့နေရပြီး အမေရိကန်က ကျူးဘား စီးပွားရေး အသက်ရှူကြပ်အောင် လုပ်ဆောင်နေတယ်လို့ ရုရှားက ဖေဖော်ဝါရီ ၉ ရက်က စွပ်စွဲလိုက်ပါတယ်။ မော်စကိုက ကျူးဘား၊ ဗင်နီဇွဲလားတို့နဲ့အတူ ရပ်တည်ပြီး အမေရိကန်က ကျူးဘား စီးပွားရေးကို လည်ပင်း ညှစ်ထားတာကြောင့် အခက်အခဲ များစွာ ဖြစ်ပေါ်နေတယ်လို့…

ကျိုက်ထိုမှာ စစ်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

ကျိုက်ထို၊ ဖေဖော်ဝါရီ ၁၀ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကော်မရှင်တပ် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ အင်အား ၅၀၀ လောက်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးမှုကြောင့်…

မြဝတီ ဖလူးဒေသမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ ဖေဖော်ဝါရီ ၁၀ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်နားရှိ ဖလူးကျေးရွာကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က လေးကေကော်မြို့အနီး ရသေ့ဂူရွာကနေ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ…

ကော့သောင်းမှာ လူငယ် လေးဦး စစ်မှုထမ်း ပေါ်တာဆွဲခံရ

ကော့သောင်း၊ ဖေဖော်ဝါရီ ၁၀ တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးပြီးနောက် စစ်မှုထမ်း တပ်သားသစ် စုဆောင်းလိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁၁ နာရီအချိန်လောက်မှာ လောင်းကစားဝိုင်းက ပြန်လာတဲ့ လူငယ် လေးဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ…

နျူကလီးယား လက်နက် လျှို့ဝှက် စမ်းသပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက် တရုတ် ပယ်ချ

ဘေဂျင်း၊ ဖေဖော်ဝါရီ ၁၀ နျူကလီးယား လက်နက် ဖောက်ခွဲစမ်းသပ်မှုတွေ လျှို့ဝှက်ပြုလုပ်နေတယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို တရုတ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်မှာ ပယ်ချလိုက်ပြီး ဝါရှင်တန်က သူတို့ကိုယ်တိုင် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဆင်ခြေအနေနဲ့ အခုလို စွပ်စွဲနေတာ ဖြစ်ကြောင်း တုံ့ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က ဂျီနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ နျူကလီးယား…

ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ချ် နိုင်ငံရေးပါတီတွေ အပြိုင်မဲဆွယ်

ဒါကာ၊ ဖေဖော်ဝါရီ ၁၀ ဘင်္ဂလားဒေ့ချ်မှာ အခုသီတင်းပတ် ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီ ၉ ရက် မဲဆွယ်ရေး နောက်ဆုံးနေ့မှာ နိုင်ငံရေး ပါတီတွေက လူထုအုံကြွမှုကို ထောက်ခံ မဲဆွယ်ခဲ့ကြပါတယ်။ လူငယ်တွေ ဦးဆောင်ခဲ့တဲ့ လူထုအုံကြွမှုကြောင့် ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရ ပြုတ်ကျခဲ့ရပါတယ်။ နိုင်ငံတဝန်း ပြိုင်ဖက် နိုင်ငံရေးပါတီတွေရဲ့ စုဝေးမှုတွေမှာ နိုင်ငံတော်အလံ ကိုင်ဆောင်ထားတဲ့…