January 2026

နယ်စပ်ဖြတ်ကျော် ပစ်ခတ်ပြီး ကမ္ဘောဒီးယားက အပစ်ရပ် သဘောတူညီမှု ချိုးဖောက်တယ်လို့ ထိုင်းပြော

ဘန်ကောက်၊ ဇန်နဝါရီ ၆ ၁၀ ရက်ကြာပြီဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ကမ္ဘောဒီးယားက ဇန်နဝါရီ ၆ ရက်က ချိုးဖောက်ပြီး နယ်စပ်ဖြတ်ကျော် မော်တာသေနတ်နဲ့ ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းက ပြောပါတယ်။ ဖနွမ်းပင်အစိုးရကတော့ အမှိုက်ပုံ ပေါက်ကွဲမှု ဖြစ်ပွားပြီး ကမ္ဘောဒီးယား စစ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ ပြောထားပါတယ်။ အရှေ့တောင်အာရှ…

မကွေးထောင်မှာ နိုင်ငံရေးအကျဉ်းသား ၃၅ ဦး ရိုက်နှက်တိုက်ပိတ်ခံရ

မကွေး၊ ဇန်နဝါရီ ၆ မကွေးတိုင်း မကွေးအကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသား ၃၅ ဦးကို မတရား ရိုက်နှက်ခဲ့ကာ တိုက်ပိတ်ထားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံကနေ သိရပါတယ်။ မကွေးအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ၄ က နိုင်ငံရေးအကျဉ်းသားတွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်တွေကို လူ ၁၀…

ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မယ်လို့ KNA ဗိုလ်မှူးချုပ် ပြော

မြဝတီ၊ ဇန်နဝါရီ ၆ ကျွန်အဖြစ်မလုပ်တော့ဘဲ သခင်ပဲလုပ်တော့မှာဖြစ်ပြီး မိမိတို့မြေကို မိမိတို့ကိုယ်တိုင်သာ အုပ်ချုပ်မယ်လို့ ကရင်အမျိုးသားတပ်မတော် KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက ပြောပါတယ်။ အခုရက်ပိုင်းထဲ ကျင်းပခဲ့တဲ့ BGF က KNA ဘက်တံဆိပ်သစ်ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့ အခမ်းအနားတစ်ခုမှာ KNA အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးချုပ်စောတင်ဝင်းက သူ့ရဲ့ တပ်သားတွေကို…

တနင်္သာရီမှာ PDF စခန်းတစ်ခု ဗုံးကြဲခံရ

တနင်္သာရီ၊ ဇန်နဝါရီ ၆ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာမှာ အခြေစိုက်တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ PDF စခန်းတစ်ခု ဒရုန်းနဲ့ဗုံးကြဲခံခဲ့ရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။ တမုတ်ချုံးကျေးရွာအခြေစိုက် တောင်ပံနီပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စခန်းကို မနေ့ ဇန်နဝါရီ ၅ ရက် ညနေ ၄ နာရီအချိန်လောက်မှာ အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက ဒရုန်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကော်မရှင်ရဲ့…

အီရန်က ဆီးရီးယားသမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေတယ်လို့ အစ္စရေး စစ်တပ် သတင်းရင်းမြစ် ပြော

ဂျေရုစလင်၊ ဇန်နဝါရီ ၆ ဆီးရီးယားသမ္မတ အာမက် အယ်လ်ရှာရားကို အီရန်က လုပ်ကြံသတ်ဖြတ်ဖို့ ရန်လိုတဲ့ အင်အားစုတွေနဲ့ ကြံစည် လုပ်ဆောင်နေကြောင်း အစ္စရေး စစ်တပ် သတင်းရင်းမြစ်က ဇန်နဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ ဆီးရီးယားနဲ့အစ္စရေးကြား ရင်းနီးတဲ့ ဆက်ဆံမှု စတင်လိုက်ပြီးနောက် အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အာမက် အယ်လ်ရှာရားအနေနဲ့ သူ…

ထရန့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ကိုလံဘီယာ သမ္မတ လက်နက်ကိုင်ဖို့ အဆင်သင့်ပဲလို့ ပြော

ဘိုဂိုတာ၊ ဇန်နဝါရီ ၆ အမေရိကန်ရဲ့ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကိုလံဘီယာသမ္မတ ဂတ်စတာဗို ပက်ထရိုက သူ့အနေနဲ့ လက်နက်ကိုင် တိုက်ပွဲဝင်ဖို့ အဆင်သင့်ရှိတယ်လို့ ဇန်ဝါရီ ၅ ရက်မှာ ပြောလိုက်ပါတယ်။ အိမ်နီးချင်း ဗင်နီဇွဲလားကို ဝင်ရောက် တိုက်ခိုက်ပြီး သမ္မတ နီကိုလာ့စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်ပြီးတော့ ကိုလံဘီယာကို တိုက်ခိုက်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ခြိမ်းခြောက်ထားချိန်မှာ…

စစ်အာဏာသိမ်း (၁၈၀၀)ရက်အတွင်း သတ်ဖြတ်ခံရသူ (၇၆၄၆) ဦးအထိရှိလာ

မော်လမြိုင်၊ ဇန်နဝါရီ ၆ AAPP ရဲ့ ဇန်နဝါရီ ၅ ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၁၈၀၀) ရက်အတွင်း ပြည်သူ (၇၆၄၆) ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း (၃၀၂၂၃) ဦးရှိလာခဲ့ပြီးဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၇၅၃၇) ဦး ဖြစ်ပါတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံး…

ဗင်နီဇွဲလားသမ္မတကိုဖမ်းသလို စစ်ခေါင်းဆောင်ကိုလည်း ဖမ်းပေးဖို့ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြနေ

ရန်ကုန် ၊ ဇန်နဝါရီ ၆ ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုလပ်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးခေါ်ဆောင်သွားသလိုမျိုး အာ ဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဖမ်းဆီးပေးဖို့ မြန်မာပြည်သူတွေ ဆန္ဒပြင်းပြစွာ တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ Facebook စာမျက်နှာကနေ ဖော်ပြထားတဲ့ လွတ်လပ်ရေးနေ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုရဲ့ ကြေညာချက်ပိုစ့်အောက်မှာ ပြည်သူတွေက သူတို့ရဲ့…

မော်လမြိုင်အခြေစိုက် ရတခ လက်အောက်ခံတပ်တွေ လှိုင်းဘွဲနဲ့ ဖာပွန်သို့ ပို့ဆောင်ခံရ

မော်လမြိုင်၊ ဇန်နဝါရီ ၆ မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ဖွဲ့တွေကို စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၂ မှာ ပါဝင်တဲ့ မြို့တွေဖြစ်ကြတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန်မြို့ နယ်သို့ ပို့ဆောင်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဇန်နဝါရီလအစောပိုင်းရက်တွေကစပြီး ကရင်ပြည်နယ် ဘားအံမြို့၊ လှိုင်းဘွဲမြို့နယ်နဲ့ ဖာပွန်မြို့နယ် ကမမောင်းမြို့တွေဆီ စစ်ကော်မရှင်တပ်က အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေကို ပို့ဆောင်နေပြီး…

ဘီးလင်းမှာ စစ်ကော်မရှင်တပ် အင်အားရာချီထပ်တိုးချ

ဘီးလင်း၊ ဇန်နဝါရီ ၆ ရွေးကောက်ပွဲ အပိုင်း ၂ ကျင်းပဖို့ ရှိနေတဲ့ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်ဘက်က တပ်အင်အား ရာချီ ထပ်တိုးချထားတယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အခုနှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်စစ်ရေး ပြန်လည်တင်းမာနေတဲ့ ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် စစ်ကော်မရှင်တပ်ဟာ ရန်ကုန်…